နေအိမ်အတွင်း ဖုန်းအားသွင်းလျက် နားကြပ်တပ်ပြီး ဂိမ်းဆော့ရာမှ အိပ်ပျော်သွားသည့် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံး

နေအိမ်အတွင်း ဖုန်းအားသွင်းလျက် နားကြပ်တပ်ပြီး ဂိမ်းဆော့ရာမှ အိပ်ပျော်သွားသည့် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ သြဂုတ် ၃၀ရက်က နေအိမ်အတွင်း ဖုန်းအားသွင်းလျက် နားကြပ်တပ်ပြီး ဂိမ်းဆော့ရာမှ အိပ်ပျော်သွားသည့် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၃၀ ရက်၊ နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ် (ခ)ရပ်ကွက် မြရတနာ ၇ လမ်းရှိ နေ အိမ်တစ်အိမ်၌ အမျိုးသားတစ်ဦး ဓာတ်လိုက်သေ ဆုံးနေကြောင်း သတင်းအရ နီးစပ်ရာ ကူညီရေး အ ဖွဲ့တစ်ခုက သွားရောက်ခဲ့ကြောင်း သိရသည်။

နေအိမ်၌ သေဆုံးနေသူ အမျိုးသားမှာ အသက် ၃၈နှစ် အရွယ်ရှိပြီး နေအိမ် အိပ်ခန်းအတွင်း ဖုန်းကို အားသွင်းထားလျက် နားကြပ်တပ်ပြီး ဂိမ်းဆော့ရာမှ အိပ်ပျော်သွားပြီးနောက် ဓာတ်လိုက်ကာ နား၊ မျက်စိနှင့် နှာခေါင်း တို့မှ သွေးထွက်၍ သေဆုံးခဲ့ခြင်းဟု သိရသည်။

“ကျွန်တော်တို့ကို အကြောင်းကြားတာက မနက် ၁၀လောက် ရှိပြီ။ သူတို့ သိတာက မနက်မိုးလင်းတော့ ၈ နာရီ၊ ၉ နာရီလောက် မိသားစုဝင်တွေက သွားနိုးတယ်။ သွားနိုးတော့ အဲ့ဒီလိုမျိုး နားထဲတွေ၊ မျက်လုံးထဲတွေ၊ နှာခေါင်းထဲတွေမှာ သွေးထွက်နေ

တာတွေ့ရတယ်လို့ သူတို့ မိသားစုက ပြောတယ်။ သူ က ဖုန်းကိုအားသွင်းထားပြီး အားသွင်းလျက် တန်း းလန်းကြီး နားကြပ်တပ်ပြီး ဂိမ့်ဆော့ရင်း၊ လိုင်းသုံးနေရင်း အိပ်ပျော်သွားတာကနေ ဓါတ်လိုက်တာမျိုးလို့ သူ့မိသားစု က ပြောတယ်။ ဘယ်အချိန်တုန်းက ဓါတ်လိုက်ပြီး ဆုံးလဲ မသိဘဲ မနက် မိသားစု

သွားနိုးမှ ဆုံးမှန်းသိရတာ။ အလောင်းကို ရဲတပ်ဖွဲ့က စစ်ဆေးပြီးတော့ ကျွန်တော်တို့ ဆေးရုံကို ပို့ဆောင်ကူညီခဲ့ပါတယ်” ဟု သေဆုံးသူ အလောင်းအား ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည့် မြောက်ဥက္ကလာပမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

သေဆုံးသူ အမျိုးသားအလောင်းအား မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံသို့ ပို့ဆောင် ကူညီခဲ့ကြောင်းလည်း သိရသည်။ မောင်ဇော် ဓာတ်ပုံ-မြောက်ဥက္ကလာပမြို့နယ် အရန်မီးသတ်တပ်ဖွဲ့

(Visited 292 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*