လက်ပံတန်းမှာ အသက်ကြီးပိုင်း၂ ယောက်နေတဲ့အိမ်မှာ အိမ်ရှင် သားအမိကို ပါးစပ်တိပ်ကပ်ကာ လက်ကို ကြိုးနဲ့တုပ်ပြီး …

လက်ပံတန်းမှာ အသက်ကြီးပိုင်း၂ ယောက်နေတဲ့အိမ်မှာ အိမ်ရှင် သားအမိကို ပါးစပ်တိပ်ကပ်ကာ လက်ကို ကြိုးနဲ့တုပ်ပြီး …

ဓားပြတိုက်ခံရပြီး ရွှေ၊စိန်နဲ့ ငွေသားတွေပါသွား

ပဲခူးတိုင်းအနောက်ပိုင်း လက်ပံတန်းမြို့က ၅ လမ်းနဲ့ ၆ လမ်းကြား၊ ဗိုလ်အောင်ကျော် လမ်းမှာရှိတဲ့ အသ က် ၈၀ ကျော်အရွယ် အမေဖြစ်တဲ့သူနဲ့ အသက် ၆၀ ကျော်အရွယ်သားဖြစ်သူတို့ ၂ ယောက်ထဲနေတဲ့ နေ အိမ် ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရ

ပါတယ်။ မနေ့က ဩဂုတ်လ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဓားပြတိုက်သူတွေကနေအိမ်ကိုရောက်လာပြီး အိမ်ရှင် သားအမိကို ပါးစပ်တိပ်ကပ်ကာ လက်ကို ကြိုးနဲ့တုပ်ပြီး နေအိမ်ထဲက ရွေထည်ပစ္စည်း ၊ စိန်၊ ငွေသားတွေကို ယူဆောင် သွားတာ

ဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့က နေ့လယ် ၁၂ လောက်မှာတိုက်တယ်၊ လူ၃ယောက်လာတယ်၊အသ က် ၆၇ နှစ်ရှိတဲ့ ဦးလေးကို ကြိုးနဲ့တုပ်တယ်။ ပါးစပ်ကို တိပ်နဲ့ပိတ်တယ်။ အခန်းတံခါးကို ရိုက်ဖွင့်တယ်။ပြီးတော့ အထဲထဲမှာ ရွေိထည် ပစ္စည်းတွေ ယူသွား

တယ်၊ ပိုက်ဆံလဲပါတယ်။ မျက်နာဖုံး မစွပ်ထားဘူး ဒီအတိုင်း တိုက်တာ။ ရွှေ၊ ငွေ၊ စိန် ပါသွားတာတော့​သိတယ်၊ တန်ဖိုးအတိအကျ ကိုတော့ မသိပါဘူး၊ အဘိုးကြီး အဘွားကြီးပဲ ဆိုတော့လေ” လို့ ဓားပြ တို က်ခံရတဲ့ နေအိမ်မိသားစုရဲ့မိတ်ဆွေဖြစ်သူတဦးက

ပြောပြပါတယ်။ လက်ပံတန်းမှာ အခုလို နေအိမ်ဓားပြတိုက် ခံရတာဟာ ဒီဖြစ်စဥ်က ပထမဆုံးဖြစ်တယ်လို့လည်း ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။ လက်ရှိမှာ ဓားပြတိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီး ရမိခြင်းမရှိသေးကြောင်း၊ နေအိမ်ပိုင်ရှင်

တွေက ရဲစခန်းမှာ အမှုဖွင့်ထားသလို ရဲတပ်ဖွဲ့ကလည်း စစ်ဆေးရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

(Visited 703 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*