ပြင်ပကမ္ဘာနဲ့ ၂၆ နှစ်တိုင်တိုင် အဆက်သွယ် မရှိခဲ့တဲ့ ကမ္ဘာ့အထီးကျန်ဆုံး လူသား ကွယ်လွန်

ပြင်ပကမ္ဘာနဲ့ ၂၆ နှစ်တိုင်တိုင် အဆက်သွယ် မရှိခဲ့တဲ့ ကမ္ဘာ့အထီးကျန်ဆုံး လူသား ကွယ်လွန်

လူတစ်ယောက် သေဆုံးသွားတယ်။ သူ့နာမည်၊ အ သက်၊ မျိုးနွယ်၊ သူပြောတဲ့ ဘာသာ စကားကို မသိဘူး။ ဒါပေမဲ့ ဟိုးလေး တကျော်ကျော် ဖြစ်သွားတ ယ်။ ဘာကြောင့် လဲဆိုတော့ သူက ဘရာဇီးနိုင်ငံမှာ ပြင်ပကမ္ဘာနဲ့ အဆက်ဆံမလုပ်တဲ့ တိုင်းရင်းသားမျိုး

နွယ်စု ထဲမှာ နောက်ဆုံး ကျန်နေသူ မို့လို့ပါပဲ။ ပြင်ပကမ္ဘာနဲ့ ၂၆ နှစ်တိုင်တိုင် အဆက်သွယ်မရှိခဲ့လို့ ကမ္ဘာ့အထီးကျန်ဆုံး လူသားလို့လဲ လူသိများတယ်။ သား ကောင်တွေကို ထောင်ဖမ်းဖို့၊ သူ ပုန်းအောင်းဖို့ တွ င်းတွေ တူးထား လေ့ရှိလို့ တွင်းလူသား လို့လည်း

ခေါ်ကြတယ်။ သူ့ရဲ့ရုပ်အလောင်းကို သြဂုတ်လ ၂ ၃ ရက်က သူ့တဲအိမ်အပြင်ဘက် ပုခက်ထဲမှာ တွေ့ခဲ့တာပါ။ တိုက်ခိုက်ခံရတဲ့ လက္ခဏာမျိုး မတွေ့ရလို့ သွေးရိုးသားရိုး ကွယ်လွန်ခဲ့တာလို့ပဲ ယူဆထားကြပါတယ်။ သူ့အသက်က ၆၀ ဝန်းကျင်ရှိမယ်လို့ ခန့်

မှန်းပါတယ်။ သူဟာ ဘိုလစ်ဗီးယားနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ရွန်ဒိုနီယာပြည်နယ်က တာနာရူတို င်းရင်းသား ဒေသမှာ နေထိုင်တဲ့ မျိုးနွယ်ဝင်တွေထဲမှာ နောက်ဆုံးကျန်ရစ်သူပါ။ စားကျက်မြေ တိုးချဲ့ဖို့ ကြိုးစားကြသူတွေက ၁၉၇၀ ပြည့်နှစ် အတွင်း သူ့ရဲ့

မျိုးနွယ်ဝင် အများစုကို သတ်ခဲ့ ကြတယ်လို့ ယုံကြ ည်ထားကြပါတယ်။ ၁၉၉၅ ခုနှစ်မှာ တရားမဝင် မို င်း တူးဖော်သူတွေက သူ့မျိုးနွယ်ဝင် ၆ ယောက်ကို ထပ်မံ သတ်ဖြတ် ခဲ့ကြလို့ သူ တစ်ယောက် တည်း ကျန်ရစ် ခဲ့တာပါ။ ၁၉၉၆ ခုနှစ်ကျမှသာ သူ ကျန်ရှိ

နေသေးတာကို ဘရာဇီး တိုင်းရင်းသားရေးရာ အေ ဂျင်စီက သိသွားပြီး သူ့ရဲ့လုံခြုံရေးအတွက် စောင့်ကြည့်ပေးခဲ့တာပါ။ သူ့ရဲ့ခန္ဓာကိုယ်မှာ ငှက်မွေးတွေ ဖုံးနေတာ ကြည့်ခြင်းအားဖြင့် သူ သေတော့မယ်ဆိုတာကို ကြိုသိနေခဲ့တယ်လို့ တိုင်းရင်းသားရေးရာ

ကျွမ်းကျင်ပညာရှင် မာဆယ်လိုက ဆိုပါတယ်။ သူ့ရဲ့ရုပ်အလောင်းကို မတွေ့ခင် ရက် ၄၀၊ ၅၀ အလိုကတည်းက သူ သေဆုံးခဲ့တာဖြစ်မယ်လို့လည်း ယူဆထားပါတယ်။ Ref: ‘Man of the Hole’: Last of his tribe dies in Brazil

(Visited 1,160 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*