ထိုင်းနိုင်ငံတွင် ထိုင်း နဲ့ မြန်မာ အလုပ်သမား ၃၀ ခန့်လောက်ရှိတဲ့ မီးဖိုချောင်သုံး ဂက်စ်အိုးစက်ရုံ ပေါက်ကွဲပြီး အလုပ်သမား ၅ ဦး …

ထိုင်းနိုင်ငံတွင် ထိုင်း နဲ့ မြန်မာ အလုပ်သမား ၃၀ ခန့်လောက်ရှိတဲ့ မီးဖိုချောင်သုံး ဂက်စ်အိုးစက်ရုံ ပေါ က်ကွဲပြီး အလုပ်သမား ၅ ဦး … ဒဏ်ရာရ

ထိုင်းအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဘန်းဆောင်ထုန်းမြို့ထဲမှာ ဩဂုတ် ၃၀ ရက် ည သန်းခေါင်ကျော်က ဂက်စ်အိုး စက်ရုံ ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားပြီး အလုပ်သမား ၅ ယောက် ဒဏ်ရာရရှိ သွားတယ်

လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဘန်းဆေ ာင်ထုန်းမြို့ ဘန်းဆောင်ထုန်း ရပ်ကွက်ရှိ VIP Petroleum ကုမ္ပဏီပိုင် ဂက်စ်အိုးစက်ရုံမှာ မနေ့ည ၁၂ နာရီခွဲလောက်က မီးလောင် ပေါက်ကွဲခဲ့တာ

ဖြစ်ပြီး လူနာတင်ယာဉ်နဲ့ ချက်ချင်း သွားရောက်ကြ ည့်ရှုခဲ့တယ်လို့ ဘန်းဆောင်ထုန်း နယ်မြေ ရဲတပ်ဖွဲ့က ပြောပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာ မီးလောင်ဒဏ်ရာ၊ ထိမိခိုက်မိ ဒဏ်ရာရရှိသူ စုစုပေါင်း ၅ ဦး

ရှိတာ ကြောင့် နီးစပ်ရာ ဆေးရုံတွေဆီ အမြန်ဆုံးပို့ ဆောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။ မီးသတ်ကား ၁၀ စီးကျော် ရောက်ရှိလာပြီး ဝိုင်းဝန်းငြှိမ်းသတ်ရာမှာ အချိန် ၁ နာရီ ကျော်ကြာမှ ငြိမ်းသွားကြောင်း၊

အလုပ်ရုံနဲ့ မော်တော်ကား ၁ စီးအပြင် အနီးနားမှာ ပုံထားတဲ့ ကားတာယာတွေရော LPG ဂက်စ်အိုးတွေပါ မီးလောင် သွားတယ်လို့ ဆိုပါတယ်။ အလုပ်သ မားတွေ ပြောပြချက်အရ သူတို့စက်ရုံဟာ ညနေ ၅

နာရီကတည်းက ပိတ်ထားပြီး စက်ရုံထဲမှာတော့ ထို င်းနဲ့ မြန်မာ အလုပ်သမား ၃၀ လောက် ရှိကြောင်း၊ သန်းခေါင် ကျော်ချိန် အလုပ်သမား တွေက သူတို့အခန်းထဲမှာ အိပ်စက်နေစဉ် ပေါက်ကွဲသံကြီးကို၂

ကြိမ်ကြားရပြီး အပြင် ထွက်ကြည့်ရာမှာ မီးတွေထတောက်နေကြောင်း၊ အလုပ်သမား ၁ ယောက်မှာ တကိုယ်လုံးမီးလျှံ တွေနဲ့ ထွက်ပြေးနေတာလို့ ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှု

ပမာဏတွေ သေချာမသိရသေးပေမယ့် စက်ရုံတာ ဝန်ရှိသူတွေက အနီးနားတဝိုက် လိုက်လံစစ်ဆေးရာမှာ ပင်မဓာတ်ငွေ့အိုးကြီးကနေ ဂက်စ်အိုးငယ် တွေကို ဖြည့်ပေးတဲ့ ပိုက်လိုင်းမှာ ယိုစိမ့်မှု ဖြစ်နေကြော

င်း ဂက်စ်ရည်တွေ ယိုစီးသွားတဲ့လမ်းမှာ လောင်ကျွ မ်းစေတဲ့ အရာ တစ်ခုခုနဲ့ ထိတွေ့ပြီး မီးထတောက် လောင်ကျွမ်းတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတ ယ်။ အလုပ်သမားတွေ နေတဲ့ တန်းလျားလည်း မီး

လောင်သွားပြီဖြစ်လို့ သူတို့နေထိုင်ဖို့ ယာယီအခန်းတွေ အမြန်ပြန်ဆောက် နေတယ်လို့ ဆိုပါတယ်။

(Visited 1,962 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*