မင်းကင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရသဖြင့် ရဲမှူးအပါအဝင် ၆ ဦး …

မင်းကင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရသဖြင့် ရဲမှူးအပါအဝင် ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် မော က္ကတော်ရွာကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒီနေ့မနက် ၉ နာရီက မိုင်းဆွဲ တိုက် ခိုက် ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ ကာကွယ်ရေး အဖွဲ့

က ပြောပါတယ်။ “ကျနော်တို့ မောက္ကတော်ရွာ အ ရှေ့ဘက် ဘုရားကုန်း က ညောင်ပင် အောက်မှာ မို င်းဆွဲတာ တွေလုပ်ခဲ့ တယ်ဗျ။ ရဲ စခန်းမှူး အဆင့်ရှိသူ ၁ ဦး၊ ရဲတပ်သား ၂ ဦး ပျူ ၃ ဦး နေရာတင် သေ

တယ်။ အခြား ၁၂ ယောက် ထိခိုက် ဒဏ်ရာရ တယ်လို့ အတိအကျ သူတို့နဲ့ လိုက်ပါလာတဲ့ ပျူ ဖရဲသီးက ကျနော်တို့ဆီ သတင်းပေးလို့ သိရတယ်ဗျ။ ကျနော်တို့ ဖုန်းမိုင်းဆိုတော့ အဝေးကနေ ဖောက်ခွဲတာ ဆို

တော့ အထိခိုက် မရှိဘူး” လို့ ဒေသခံ ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့ ခေါင်းဆောင် တဦးက ပြောပါတယ်။အခု မိုင်းဆွဲခံရပြီး ကျဆုံးတာနဲ့ ပင်သက်လို့  စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသ

လို ဒီဗွီဘီ အနေနဲ့လည်း သီးခြား အတည်ပြုချက် ရ ယူနိုင်ခြင်း မရှိသေးပါဘူး။ အခု မိုင်းဆွဲ ခံရတဲ့ စစ် ကြောင်းဟာ မောက္ကတော်ရွာ နဲ့ ချင်းတွင်းမြစ် တဖ က်ကမ်း တောင်ဖြူရွာ ပန်းဆက်ရွာကနေ ချင်းတွင်း

မြစ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုး လာတဲ့ တ ပ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ ကတော့ ဩဂုတ်လ အတွင်း ကနီ မြို့နယ်နဲ့ မင်းကင် းမြို့နယ်တွေမှာ စစ်ကြောင်းထိုး နေတာ

ကြောင့် ပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ နေကြရတယ်လို့ ဒေသခံက ပြောပါတယ်။ Source DVB

(Visited 320 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*