ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တရားရုံတွင်း ဗုံးပေါက် ကွဲခဲ့ပြီး စစ်သားနှစ်ဦး …

GYG အဖွဲ့မှ ယိုင်နဲ့နေသည့် တရားရေးမဏ္ဍိုင်အား သတိပေးတဲ့  အနေဖြင့် ရန်ကုန်မြို့ မရမ်းကုန်း မြို့ နယ်တရားရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦး …

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်အတွင်း ပြည်လမ်းမပေါ် ၈ မိုင်လမ်းဆုံအနီးရှိ မြို့နယ်တရားရုံးတွင် ယနေ့ ( ဩဂုတ် ၂၆) နံနက် ၁၁ နာရီခွဲ ခန့်က ဗုံးပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရ သူများလည်း ရှိကြောင်း မြို့ခံအချို့က ဆိုသော်လည်း အတိကျ အတည် မပြုနိုင်သေး

ပေ။ ပေါက်ကွဲမှု ဖြစ်ပြီး မိနစ်အပိုင်း အကြားတွင် စစ်ကောင်စီ တပ်သား အင်အား ၅၀ ခန့် ရောက်ရှိလာပြီး လုံခြုံရေးယူထားကြောင်း၊ ကမာရွတ်၊ မြော ာက်ဒဂုံနှင့် မြောက်ဥက္ကလာ မြို့နယ်များမှလည်း ရဲကား များ၊ လူနာတင်ယာဉ်များ ထွက်ခွာသွားသည်ကို တွေ့ရကြောင်း သိရသည်။ မရမ်းကုန်း မြို့နယ်

တရားရုံးကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အဖွဲ့ဝင်များ အားလုံး အန္တရာယ် ကင်းရှင်းစွာ ဆုတ်ခွာ နိုင်ခဲ့သည်ဟု ရန်ကုန်အခြေစိုက် မြို့ပြပြော ာက်ကျားအဖွဲ့ တစ်ခု ဖြစ်သော Generation – Y – Guerilla (GYG) မှ အဖွဲ့ဝင် တစ်ဦးက ပြောသ ည်။ “ရဲတပ်ဖွဲ့ဝင်များဘေးတွင် ကပ်၍ ခွဲရန် အခွင့်

အရေး ရခဲ့သော်လဲ ပြည်သူများ ရှိနေသော ကြောင့် အရပ်ဝတ်များနှင့် ရဲများအနီးတွင်သာ ဖောက်ခွဲနိုင်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ထောက်တိုင် မှန်သမျှကို အသက်ပေးပြီး ဆက်လက် တိုက်ခိုက် သွားပါ့မယ်” ဟု ၎င်းက ပြောသည်။ မရမ်းကုန်းမြို့နယ် တရာရုံးမှ တရားသူကြီးများ၊ ဝန်ထမ်းများမှာ စစ်ကောင်စီ

အလိုကျ ဆောင်ရွက် နေသောကြောင့် ဖောက်ခွဲရခြင်းဖြစ်ပြီး သေဆုံးဒဏ်ရာရမှုစာရင်း အတိအကျကို ဆက်လက်စုံစမ်း နေသည်ဟု ထို မြို့ပြပြောက် ကျားတပ်ဖွဲ့ဝင်က ဆက်ပြောသည်။ ထိုပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိကြောင်း ရပ်ကွက် နေတစ်ဦးက

ပြောသည်။ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ် မေးမြန်းသော် လည်း လက်ခံ ဖြေကြားခြင်း မရှိပေ။ ဩဂုတ် ၂၄ ညပိုင်းကလည်း စစ်ခေါင်းဆောင်များ အခြေစိုက်ရာ နေပြည်တော်ရှိ ခရိုင်တရားရုံး တစ်ခုအနီး ပေါ က်ကွဲမှုဖြစ်ခဲ့သည်။ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ

တပ်ဖွဲ့က Justice Lady Mission အမည်ဖြင့် တ ရားရုံးများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဇွန် ၂၈ က ထုတ်ပြန်ထားသည်။ ယိုင်နဲ့နေသည့် တရားရေးမဏ္ဍိုင်အား သတိပေးသည့် အနေဖြင့် မရမ်းကုန်း တရားရုံး၊ အရှေဒဂုံ တရားရုံ၊ တောင်ဥက္ကလာပ တရားရုံး၊ အရှေ့ပိုင်းခရိုင်တရားရုံး များကို ဖော

က်ခွဲ တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန် ထားသည်။ မရ မ်းကုန်း တရားရုံးမှာ ဒုတိယအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ပုံ ၁- ရန်ကုန်၊ ပြည်လမ်း၊ ၈ မိုင်လမ်းဆုံရှိ မရမ်းကုန်းမြို့နယ် တရားရုံးတွင် ယနေ့ ( ဩဂုတ် ၂၆) ပေါက်ကွဲမှုဖြစ်ပြီး မြင်ကွင်း။ ဓာတ်ပုံ-ပေးပို့

ပုံ ၂ – ရန်ကုန်မြို့လယ် ဆူးလေတွင် လုံခြုံရေးယူ ထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ Crd Myanmar Now

(Visited 4,542 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*