မန္တလေး ပြည်ကြီးတံခွန် မြို့နယ်တွင် မျက်နှာအား ဓားဖြင့်လှီး၍ …

မန္တလေး ပြည်ကြီးတံခွန် မြို့နယ်တွင် မျက်နှာအား ဓားဖြင့်လှီး၍ စကီုဖီး ဆိုင်ကယ်အား လုယက်ယူဆောင်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် မြို့နယ်၊ ၁၂၆ လမ်းနှင့် စက်မှုပန်းခြံ (A) လမ်းတွင် သြဂုတ် ၂၄ ရက်မွန်း လွဲပိုင်းက အမျိုးသား တစ်ဦး၏ မျက်နှာအား ဓားဖြင့် လှီး၍ လုယက် ယူဆောင် သွားခဲ့ကြခြင်းဖြစ်

ကြောင်း ရွှေမဥ္ဇူ ပရဟိတ လူမှုကူညီရေး အသင်းမှ သိရသည်။ ယင်း နေ့မွန်းလွဲ ၂ နာရီ ခန့်က ၁၂၆ လမ်းနှင့် စက်မှုပန်းခြံ (A) လမ်းတွင် ဆိုင်ကယ်စီးလာသည့် အမည်မသိ အမျိုးသား ၃ ဦးက အသက်

(၂၀) နှစ်ခန့်ရှိ စကိုဖီး (အနက်ရောင်) ဆိုင်ကယ် စီးလာသည့် အမျိုးသား၏ မျက်နှာအား ဓားဖြင့်လှီး၍ စကိုဖီး ဆိုင်ကယ်အား လုယက် ယူဆောင် သွားခဲ့ ကြသည်။ ထိုသို့ ဓားဖြင့် လှီးခဲ့သဖြင့် မျက်နှာတွင်

ပြတ်ရှ ဒဏ်ရာ ရရှိကာ ရွှေမဥ္ဇူ ပရဟိတ လူမှုကူညီရေး အသင်းရုံးသို့ လာရောက်၍ အကူအညီ တော င်းခံ ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရွှေမဥ္ဇူပရ ဟိတ လူမှုကူညီရေး အသင်းက အရေးပေါ် ပြုစုကု

သမှုများ ပြုလုပ်ခဲ့ကြပြီး မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူရန် ဆက်လက် ပို့ဆောင် ပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စကိုဖီး ဆိုင်ကယ် လုယက်ခံရသည့် အ သက်(၂၀)နှစ်ခန့်ရှိ

အမျိုးသား၏ ဓားဖြင့် လှီးခံရသည့် ပြတ်ရှ ဒဏ်ရာအား ၆ ချက် ချုပ်ခဲ့ရကြောင်း သိရသည်။

(Visited 9,286 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*