ပူတာအိုမြို့တွင် တသောင်းတန် အတု ၁၈ သိန်းကိုင်ပြီး ဈေးဆိုင်တွေကို ဂျင်းလိုက်ထည့် နေသူတစ်ဦးကို …

ပူတာအိုမြို့တွင် တသောင်းတန် အတု ၁၈ သိန်းကိုင်ပြီး ဈေးဆိုင်တွေကို ဂျင်းလိုက်ထည့် နေသူတစ်ဦးကို ဖမ်းမိ

ပူတာအိုမြို့ မူလာရှီးဒီ ရပ်ကွက်ရှိ ဈေးထဲတွင် တစ်သောင်းကျပ်တန် ငွေစက္ကူ အတုများဖြင့် ဈေးလာဝယ်သည့် အမျိုးသားတစ်ဦးကို ယနေ့ နေ့လယ် ၁၂ နာရီခန့်က ပြည်သူများ ဝိုင်းဝန်းဖမ်းဆီး ခဲ့ကြောင်းသိရပါတယ်။ တစ်သောင်းတန် ငွေစက္ကူအတု ၁၈

သိန်းခန့် ကိုင်ဆောင်ကာ ဈေးလာဝယ်သည့် အမျိုး သားနှစ်ဦးမှ တစ်ဦးအား ပြည်သူများ ဝိုင်းဝန်းဖမ်း ဆီးနိုင်ခဲ့ သော်လည်း ကျန်တစ်ဦးမှာ လွတ်မြောက်သွားကြောင်း ဖမ်းဆီးရာတွင်ပါဝင်ခဲ့တဲ့ အမျိုးသား တဦးက ပြောပါတယ်။ “ဆိုင်မှာ အထည် ဝယ်သွား

တယ်။ တတိယ အကြိမ်လောက်မှ အတုမှန်းသိသွားတာ။ ဘေးနားက ဆိုင်တွေက ဒါအတုပဲ လို့ပြောမှ သူက စိတ်မကောင်း ဖြစ်နေတာ။ တတိယ အကြိမ်မှ အဲ့လူကို ဖမ်းပြီးတော့မှ လာကူကြပါ။ လာဖမ်းကြပါလို့ ဆိုင်ဘေးနား ကလူတွေခေါ်တော့ ကျွန်တော်တို့

သွားကူပေးတယ်။ တတိယအကြိမ်မှ အန်တီက သိရတာ။ ရုပ်ဖျက်ပြီးမှ လာတာပေါ့။ တတိယအကြိမ်တော့ အင်္ကျီလဲပြီးမှ လာတာပေါ့။ အင်္ကျီလဲပြီးမှ လာဝယ်တာ။ ဒီမှာဝယ်လို့ ရတယ် ဆိုပြီးမှ ပြန်လာတာပေါ့။ တစ်ရက် တည်းကို သုံးခါလာတာ” လို့ ပြောပါ

တယ်။ အဆိုပါ အထည်ဆိုင်မှ အထည်ဖိုး နှစ်သိန်းရှစ်သောင်း ကျော်ဖိုး ပစ္စည်း ဝယ်ယူခဲ့ပြီး တတိယအကြိမ် လာဝယ်သည့် အချိန်မှ ပြန်လည်ဖမ်းမိခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ပိုက်ဆံ အတုဖြင့် လာရောက် ဈေးဝယ်သူမှာ ဧရာဝတီတိုင်းမှ ဖြစ်ပြီး

မူလာရှီးဒီ တံတားရှိ ရဲစခန်းသို့ အပ်နှံလိုက်တယ်လို့ သိရပါတယ်။ အလားတူ မြစ်ကြီးနား မြို့တွင်လည်း ငွေစက္ကူ အတုများကို ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များနှင့် ငွေသွင်း၊ ငွေလွှဲပြုလုပ်သည့် ဆိုင်များတွင် လာရောက်အသုံးပြုမှုများ ရှိနေကြောင်းသိရပါတယ်။

လက်ရှိအချိန်မှာ ဈေးကွက်အတွင်း ငွေစက္ကူအတု အများအပြား ပျံ့နှံ့လျက် ရှိနေပြီး ငွေအများအပြား ပေးချေရတဲ့ နေရာတွေမှာ အထူး သတိထားနေရတယ်လို့ ဈေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

(Visited 2,552 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*