မန္တလေးမှာ ဇနီးမောင်နှံနှစ်ဦးကို မှားယွင်းပစ်ခတ်မိတဲ့တွက် မိသားစုဝင်တွေကို တောင်းပန် ကြောင်းနဲ့ အပြစ်ကို ခံယူသွားမယ်လို့ မြို့ပြ ပြောက်ကျားအဖွဲ့ ထုတ်ပြန်

မန္တလေးမှာ ဇနီးမောင်နှံနှစ်ဦးကို မှားယွင်းပစ်ခတ်မိတဲ့တွက် မိသားစုဝင်တွေကို တောင်းပန် ကြောင်းနဲ့ အပြစ်ကို ခံယူသွားမယ်လို့ မြို့ပြ ပြောက်ကျားအဖွဲ့ ထုတ်ပြန်

မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ် လမ်း ၃၀၊ ၅၇ လမ်းအနီးမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်မနက်ပိုင်းက ဇနီးမောင်နှံ နှစ်ဦးကို မှားယွင်း ပစ်ခတ်မိတဲ့ ဖြစ်စဥ်အပေါ် နစ်နာသူ မိသားစု ဝင်တွေကို တောင်းပန်ကြောင်းနဲ့ အပြစ်ကို ခံယူသွားမယ်လို့ မန္တလေးက

မြို့ပြ ပြောက်ကျားအဖွဲ့ တစ်ခုဖြစ်တဲ့ Tiger Force Mandalay က ဒီကနေ့ သြဂုတ် ၂၄ မှာ ကြေညာ ချ က် ထုတ်ပြန် လာပါတယ်။ မြို့ပြ ပြောက်ကျား အဖွဲ့တွေက မန္တလေးမြို့က စီအိုင်ဒီရဲမှူး စိုးကိုကို ပစ်ခတ် ရှင်းလင်းဖို့ လုပ်ဆောင် တာဖြစ်ပြီးမြေပြင် သတ

င်းထောက်သူက ပေးပို့တဲ့ သတင်း အချက် အလက်အရ ဆိုင်ကယ် နံပါတ်၊ လူပုံစံ၊ အိမ် အဝင် အထွက်အချက် အလက်တွေနဲ့ ကိုက်ညီ နေတာကြောင့် မှား ယွင်း ပစ်ခတ်မိတာ ဖြစ်တယ်လို့Tiger Force Mandalay အဖွဲ့ရဲ့ ထုတ်ပြန်ချက် မှာတွေ့ရပါတယ်

။ အခုလို အရပ်သား ဇနီးမောင်နှံကို မှားယွင်း ပစ်ခ တ် မိတာဟာ Tiger Force Mandalay မန္တလေး အဖွဲ့နဲ့သာ သက်ဆိုင်ပြီး တာဝန်ယူမှု တာဝန်ခံမှုနဲ့ အ တူ နစ်နာသူ မိသားစုတွေနဲ့ ပြည်သူတွေကို တောင်း ပန်ကြောင်းနဲ့ ပြစ်မှုမှန်ကန်ပါက တချိန်ချိန်မှာ အပြ

စ်ဒဏ်ကို ခံယူမယ်လို့လည်း မြို့ပြ ပြောက်ကျား အဖွဲ့က ထုတ်ပြန် ထားပါတယ်။ ဘီဘီစီ က စုံစမ်းသိရှိချက်တွေအရ သေဆုံးခဲ့ သူတွေဟာ မန္တ‌လေးမြို့ပေါ် ဟိုတယ် တစ်လုံးမှာ မန်နေဂျာ လုပ်နေသူ မနှင်းဝေဝေလှိုင်နဲ့ သူ့အမျိုးသား ကိုစည်သူတို့ ဖြစ်ပြီး သမီး

ငယ်ကို ကျောင်းသွားပို့ချိန် အခုလို ပစ်ခတ်ခံခဲ့ရတာလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါ့အပြင် သေဆုံးခဲ့တဲ့ ဇနီးမောင်နှံဟာ မန္တလေးမြို့မှာ စစ်အာဏာ သိ မ်း ဆန့်ကျင်ရေး သပိတ်ကာလ အစောပိုင်း တွေမှာ ပါဝင်ခဲ့ကြ သူတွေဖြစ်ပြီး ကိုစည်သူကိုကို ဟာဆိုရင်

လည်း ရက်ပိုင်းလောက် စစ်ကောင်စီက ဖမ်းဆီးထိ န်းသိမ်းတာ ခံရဖူးသူ ဖြစ်တယ် လို့လည်း နီးစပ်သူမိတ်ဆွေတွေ ကပြောကြ ပါတယ်။ ဒီကနေ့ သြဂုတ် ၂၄ ရက်မှာတော့ သေဆုံးခဲ့တဲ့ ကိုစည်သူကိုကို တို့ ဇ နီးမောင်နှံကို ခရစ်ယာန် ဘာသာဝင်တို့ ထုံးစံအတို

င်း နာရေး ပြုလုပ်ခဲ့ကြပြီး အသက် ၉ နှစ်အရွယ် သမီး တစ်ယောက်လည်း ကျန်ရစ်ခဲ့ပါတယ်။ c r d BBC

(Visited 6,040 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*