နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ အိမ် ချိပ်ပိတ်ခံရ

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ အိမ် ချိပ်ပိတ်ခံရ

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက် တို့ ပိုင်ဆိုင်သည့် ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်ရှိ နေအိမ်ကို ယမန်နေ့ (ဩဂုတ် ၂၃ ရ က်) တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက် ချိပ်ပိတ် သွားကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်း အချိန်ခန့်တွင် စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် အဖွဲ့က ဦးကျော်သူ တို့ နေထိုင်ခဲ့ရာ မရမ်းကုန်း မြို့နယ်က၊ ၅ ရပ်ကွက်၊ အာဇာနည်လမ်း၊ ခြံအမှတ် ၆၆ ရှိ နေ

အိမ်ကို လာရောက် ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ စစ်တပ်က အာဏာ သိမ်းပြီး နောက်ပိုင်း ၂၀၂၁ မတ်လတွင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမောင်မောင် (ခ) ဦးကျော်သူနှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့ ၂ ဦးကို စစ်ကောင်စီ

က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၅၀၅ – က) ဖြင့် တ ရားစွဲပြီး ဖမ်းဝရမ်း ထုတ်ထားခြင်း ဖြစ်သည်။ ၎င်းတို့ အနေဖြင့် တရားရုံးသို့ လာရန် ပျက်ကွက် ခြင်းကြောင့် နေအိမ်ကို ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့အား ဩဂုတ် ၂၅ ရက် နောက်ဆုံး ထားကာ

တရားရုံးသို့ လာရောက် ရှင်းလင်းရန် အတွက် ဆင့် ခေါ်ထားသည်ကို တရားရုံး အမိန့်စာတွင် တွေ့ရ သ ည်။​ ပြီးခဲ့သည့် ၂၀၂၁ မတ် ၃ ရက်ကလဲ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် ဗိုလ်မှူးဗထူး လမ်းမပေါ်ရှိ နာရေ ကူညီမှုအသင်း (ရန်ကုန်) ရုံးအတွင်းသို့ စစ်ကော င်

စီတပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ရုံးခန်း အတွင်းရှိ ပစ္စည်းများ သိမ်းဆည်း ယူဆာင် သွားခြင်း၊ ဖျက် ဆီးခြင်းများ ပြုလုပ်ခဲ့ သလို ရုံးဝန်ထမ်း များကိုလ ည်း ရိုက်နှက်ခဲ့ သေးသည်။

(Visited 1,370 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*