ရှမ်းပြည်မှာ အမျိုးသမီးတဦး ပုရွက်ဆိတ် အကိုက်ခံရပြီးနောက် ထူးဆန်းစွာ မေ့မြောသွာ

ရှမ်းပြည်မှာ အမျိုးသမီးတဦး ပုရွက်ဆိတ် အကိုက်ခံရပြီးနောက် ထူးဆန်းစွာ မေ့မြောသွား

ရှမ်းမြောက် တအာင်း(ပလောင်) ဒေသ နမ့်ဆန် မြို့ နယ် မြို့လယ်ရပ်ကွက် အောင်သပြေ ရပ်မှ ာနေတဲ့ အသက် (၅၀) ဝန်းကျင် အမျိုးသမီး တစ်ဦးဟာ ဒီနေ့လယ်ပိုင်းက ဟင်းခြံထဲ သွားရင်း ပုရွက်ဆိတ် ကိုက်ခံရလို့ သတိလစ်ပြီး ဆေးရုံ တင်ထားရတယ်

လို့ သိရပါတယ်။ ပုရွက်ဆိတ် ကိုက်ခံရပြီး သတိလ စ်သွားတာက အဲဒီအမျိုးသမီးဟာ လူ တထောင်မှာ တစ်ဦး လောက်သာ ရှိတတ်တဲ့ သွေး အမျိုးအစား ရှိနေတာ ဖြစ်ပြီး အဲဒီလို သွေးရှိတဲ့သူဟာ အဆိပ်ရှိတဲ့ အကောင် ကိုက်ခံလို့မရဘဲ ကိုက်ခံရရင် သွေး

ပေါင်ချိန် ကျသွားပြီးတော့ ချက်ချင်း မူးလဲသွားတာလို့ သိရ ပါတယ်။ လူနာကို ဆေးရုံ လိုက်ပါ ပို့ဆောင်ပေးသူ က “ ဒါမျိုး သွေးက လူ တစ်ထောင်မှာ တစ်ယောက် လောက်မှာပဲ ရှိတတ်တဲ့ သွေး အမျိုးအစားပါ။ ဘာအကောင်မှ အကိုက်ခံလို့ မရပါဘူး။ ဥပမာ

ပျား၊ ပုတုန်း၊ ပုရွက်ဆိတ် ဘာအကောင် ဖြစ်ဖြစ် အ ဆိပ်ရှိတဲ့ တစ်ကောင် လောက်ဘဲ အကိုက်ခံ ရတာနဲ့ လူက သွေးပေါင်ချိန် တအားကျသွားပြီး ချက်ချင်း မူးမေ့ သတိလစ် သွားပါတယ်။ အခုဖြစ်တာလဲ ပု ရွက်ဆိတ် အကိုက်ခံရ တာ​ကြောင့် သူ့ရဲ့သွေးနဲ့ မ

တည့်လို့ မူးမေ့သွား တာဖြစ်တယ်။ အခုတော့ လူနာက စိုးရိမ်စရာ မရှိဘဲ သက်သာလာပြီ” လို့ ရှင်းပြပါတယ်။ ပုရွက်ဆိတ် ကိုက်ခံရတဲ့ အမျိုးသမီး လူနာကို ဆေးရုံသို့ အချိန်မှီ ပို့ဆောင် ပေးနိုင်ခဲ့လို့ အသ က် အန္တရာယ်ကနေ ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံ ဆေး

ခန်းအချိန်မှီ မပို့နိုင်ရင် အသက်ဆုံးရှုံး သွားနိုင် တ ယ်လို့ သိရပါတယ်။ ယခင်ကလည်း နမ့်ဆန်မှာ ဘေ ာလုံးကန်ရင်း ပျားတုတ်ခံရပြီး ချက်ချင်း မူးမေ့သတိလစ် သွားတဲ့လူငယ် ရှိခဲ့ဖူးပြီး အခုတစ်ကြိမ်နဲ့ဆို နှစ်ခါ ကြုံခဲ့ဖူးပြီလို့ လူနာကို လိုက်ပါပို့ဆောင်

ပေးတဲ့ တက်ကြွလူငယ် ပရဟိတ လူမှုကူညီရေးအသင်းခေါင်းဆောင်က ပြောပါတယ်။

(Visited 954 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*