အင်းစိန်ထောင် လောင်ချာ ဖြင့်အပစ်ခံရပြီး ဝန်ထ မ်းတစ်ဦးထိမှန်ဒဏ်ရာရ

အင်းစိန်ထောင် လောင်ချာ ဖြင့်အပစ်ခံရပြီး ဝန်ထ မ်းတစ်ဦးထိမှန်ဒဏ်ရာရ

ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်း ဗဟိုအကျဉ်းထောင်မှာ ယနေ့ (ဩဂုတ် ၂၂) နံနက်အစောပိုင်းက ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်ခံရသည်။ နံနက် ၄ နာရီခန့်တွင် ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း၊ အင်းစိန် အကျဉ်းထောင် အတွင်းရှိ

စွယ်တော် သစ်သားလိုင်းခန်း အနီး မန်ကျည်း ပင် ကို ထိမှန် ပေါက်ကွဲခဲကြောင်း သိရသည်။ ထိုပစ် ခ တ်မှုကြောင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး ဗုံးစ ထိမှန်ဒဏ်ရာ ရသွားသည်ဟု ဆိုသော် လည်း သီးခြားအတည်မပြုနိုင်ပေ။ ထို့အတူ မည်သည့်အ

ဖွဲ့၏ လက်ချက်ဖြစ်သည်ကို မသိရပေ။ ယနေ့မွန်း လွဲပိုင်းထိ အင်းစိန်ထောင်တဝိုက်နှင့် အင်းစိန်ဈေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မွှေနှောက် စစ် ဆေးနေသည်ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူတ စ်ဦးက ပြောသည်။ “အခြေအနေက ပတ်ချာ လည်

ကားတွေ စစ်နေတယ် အခုထိပဲ။ ပတ်ချာလည်ကော ဈေးထဲ ကော မွှေနေတယ် ထိတဲ့သူ ရှိမရှိတော့ မသိဘူး”ယမန်နေ့ ညပိုင်းတွင်လည်း ရန်ကုန်မြို့နယ်တစ်ချို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ မြို့နယ်တရား

ရုံးနှင့် လျှပ်စစ်ရုံးတို့ကို ယမန်နေ့ည ၉ နာရီခွဲ ခန့်က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ သည်ဟု ရန်ကုန်ရှိ မြေအောက် တော်လှန်ရေးအဖွဲ့ ဝင်တစ်ဦးက ဆိုသည်။ “(စစ်ကောင်စီကို) လုံးဝအုပ်ချုပ်ခွင့်မရစေရပေါ့။ အုပ်ချုပ်ရေး ယန္တရားနဲ့ ပတ်သတ်

ဆက်နွယ်တဲ့ ဟာ တွေကို ပစ်မှတ်ထားပါတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီက ဖမ်းဆီးအရေး ယူမှုများရှိ နေသော်လည်း ရန်ကုန်မြို့တွင် ဖောက်ခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်သတ်ဖြတ်မှုများ မကြာ ခ ဏ ဖြစ်ပေါ်နေပြီး၊ စစ်တပ် သတင်းပေး ဆိုသူနှင့်

ရပ်ကျေးအဆင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ လု ပ်ကြံခံရခြင်းဖြစ်များရှိသည်။ ယခုတစ်ပတ် စနေနှင့် တနင်္ဂနွေ့နေ့များက သံလျင်၊ တွံတေးမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် စစ်ကောင်စီ သတ င်းပေးဆိုသူနှစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရသည်။

(Visited 3,063 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*