မလေးရှားတွင် တိုက်ခန်းများအတွင်းမှ တရားမဝင် မြန်မာလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရ

မလေးရှားတွင် တိုက်ခန်းများအတွင်းမှ တရားမဝင် မြန်မာလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တိုက်ခန်းများအတွင်း၌ တရားမဝင်နေထိုင်လျက်ရှိသော မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ဩဂုတ် လ ၉ ရက် ညသန်းခေါင် အချိန်တွင် မလေးရှား

လူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဝင်ရောက် ဖ မ်းဆီးကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။လူနေ တိုက်ခန်းများတွင် နိုင်ငံခြားသားများ တရား မဝင် ဝင်ရောက် နေထိုင်လျက် ရှိသည်ဟု သတင်း

ပေးလာသဖြင့် အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာမှ မြန်မာ အလုပ်သမား ၁၁၅ဦး အပါ အဝင် နိုင်ငံခြားသား ၁၇၅ ဦးကို ဖမ်းမိကြောင်း ထု တ်ပြန် ချက်တွင် ဖော်ပြသည်။ အော်ပရာစီ စီမံချက်

မှာ တရားမဝင် အလုပ်သမားများကို ရှာဖွေစစ်ဆေးဖမ်းဆီးသည့် စီမံချက်ဖြစ်သည်။ လူနေအဆောက် က်အအုံ ခြောက်ခုရှိ လူပေါင်း ၄၂၅ ဦးကို ညသန်း ခေါင်အချိန်တွင် ဝင်ရောက် စစ်ဆေးခဲ့ကြောင်း စစ်

ဆေးရေးမှူး Khairul Dzaimee Daud က ပြော သည်။ ဝင်ရောက် စစ်ဆေးသောအချိန်တွင် တံခါးဖွင့်ရန် ပြောဆိုသော်လည်း ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ မဖွင့်ပေးသဖြင့် တံခါးကို ရိုက်ဖွင့်ကာ ဖမ် းဆီးခဲ့ကြရသည်ဟု ၎င်းက ဆိုသည်။ တရားမဝင်

နိုင်ငံခြားသား အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၄၁ ဦး၊ ကလေး ၂ ဦးတို့ကို ဖမ်းမိခဲ့ပြီး ဖမ်းဆီးခံရသူ များမှာ အသက် ၂ နှစ်မှ ၅၅ နှစ်အရွယ်အထိရှိကြော င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖမ်းဆီးခံ

ရသူများတွင် မြန်မာနိုင်ငံသား ၁၁၅ ဦး၊ အင်ဒိုနီးရှား ၃၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၃ ဦး၊ နီပေါ ၉ ဦး၊ သီ ရိလင်္ကာ ၄ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတို့ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူ အ

များစုသည် မလေးရှားနိုင်ငံတွင် သန့်ရှင်းရေး စား သောက်ဆိုင်အကူ၊ စက်ရုံအလုပ်သမားနှင့် ဆိုင်အ လုပ်သမားများဖြစ်ကြပြီး အချို့တွင် အလုပ်လုပ်ခွင့် အထောက်အထား အတုများတွေ့ ရှိသည်ဟုဆို

သည်။ အများစုမှာ အထောက် အထားမရှိခြင်း၊ အ လည်ဗီဇာ သက်တမ်းကုန်နေခြင်း၊ Work Permit သက်တမ်း ကုန်နေခြင်းတို့ တွေ့ရှိရကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးစစ်ဆေးခံရသော မြန်မာ အလု

ပ်သမားအချို့တွင် UNHCR က ထုတ်ပေးထားသော ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသည်ကို တွေ့ရပြီး ၎င်းတို့သည် မိသားစုအလိုက် နေထိုင်နေကြကြောင်း ထုတ်ပြန်ထားသည်။ ရခိုင် ပြည်နယ်မှ

UNHCR ကတ် ကိုင်ဆောင်ထားသူများသည်လည်း တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများကို ခေါ်တင်ကာ နေထိုင်နေကြကြောင်း အထက်ပါဌာနက ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူများကို

ဆက်လက်မေးမြန်းစစ်ဆေးရန်အတွက် စမန်နရီ (Semenyih) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာသို့ ခေါ်ဆောင်ခဲ့ပြီး မလေးရှားလူဝ င်မှုကြီးကြပ်ရေး ဥပဒေများအရ အရေးယူခြင်းခံရမ

ည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ မလေးရှား အ စိုးရသည် ၂၀၂၂ ခုနှစ် မေ ၃၀ ရက်အထိ တရားမဝင်နေထိုင်သူ နိုင်ငံခြားသားများကို နေရပ်ပြန်ရန် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စက်ရုံ ၊ အလုပ်ရုံများနှင့်

ရွှေ့ပြောင်းအလုပ်သမား အများစု နေထိုင်ရာ နေ ရာများတွင် တရားမဝင် အလုပ်သမားများကို ရှာဖွေစစ်ဆေး၊ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေ သ ည်။

(Visited 1,273 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*