အကြွေးတွေဆပ်ဖို့ အိမ်မရောင်းခင် နာရီပိုင်းအလိုမှာ ထီပေါက်ခဲ့သူ 

အကြွေးတွေဆပ်ဖို့ အိမ်မရောင်းခင် နာရီပိုင်းအလိုမှာ ထီပေါက်ခဲ့သူ

မိုဟာမက်ဘာဗာက ချေးထားတဲ့ အကြွေးတွေ ကို ပြန်ဆပ်ဖို့ အိမ်ရောင်းရ တော့မှာပါ။ ဇူလိုင်လ ၂၅ ရက် ညနေ ၅ နာရီခွဲမှာ အိမ်ဝယ်မယ့်သူက စရံချဖို့ ချိန်းထားပါပြီ။ ဒါပေမဲ့ အဲဒီနေ့ မွန်းလွဲ ၃ နာရီ ၂၀ မှာတော့ သူငယ်ချင်း တစ်ယောက်က သူ့အတွက်

သတင်းကောင်း လှမ်းပြောခဲ့ပါတယ်။ သူ ထိုးထားတဲ့ ထီနံပါတ်က ရူပီး ၁၀ သန်း (မြန်မာငွေဆို သိန်း ၃၀၀၀ ဝန်းကျင်)ဆု ဆွတ်ခူးခဲ့တာပါ။ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ နေထိုင်တဲ့ ဘာဗာဟာ ဆောက်လုပ်ရေး ကန်ထရိုက် တစ်ဦးဖြစ်ပြီး တ

ချိန်တုန်းက ကြွေးပူကင်းတဲ့ဘဝမျိုး နေထိုင်နိုင်ခဲ့သူပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပါးခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြော င့် အခြေအနေတွေ ပိုဆိုးခဲ့တာပါ။ ဒီတော့ အလုပ်မရှိချိန်မှာ မိသားစု စားဝတ်နေရေး အတွက် အကြွေး

ယူခဲ့ရပါတယ်။ သားသမီး ၅ ယောက်ရှိ တဲ့အနက် ၂ ယောက်က အိမ်ထောင်ပြုခဲ့လို့ သူ့မှာ မင်္ဂလာစရိတ်တွေလည်း ကုန်ခဲ့ပါတယ်။ သား တစ်ယောက်ကို ဒူဘိုင်းမှာ အလုပ်လုပ်ဖို့ စေလွှတ်ခဲ့လို့လည်း ပိုက်ဆံ ထပ်ချေးခဲ့ရပါတယ်။ ဒါကြောင့် သူ့မှာ ကြွေးမြီ ရူပီး

၅ သန်းလောက် ရှိနေတာပါ။ အကြွေးတွေ ပြန်ဆပ်စရာ ဝင်ငွေမရှိ တဲ့နောက်မှာတော့ အိမ် ရောင်းဖို့ကို ဆုံးဖြတ်ခဲ့ရတာပါ။ အခုအခါမှာတော့ ဘာဗာက အိ မ်ရောင်းစရာ မလိုတော့ပါဘူး။ ထီဆုကြေးကနေ အခွန်ဆောင်ပြီးနောက်မှာ ရူပီး ၆.၅ သန်းအထိ ရရှိ

မှာ ဖြစ်ပါတယ်။ အကြွေးတွေ အကုန် ဆပ်လိုက်ရင် ဘာဗာဆီမှာ ငွေသိပ်ကျန်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ ထီပေါက်တဲ့ အကြောင်း လှမ်းပြောပေးတဲ့ သူ ငယ်ချင်း ဂါနက်စ် အိမ်ဝယ်နိုင်အောင် ပိုက်ဆံကူညီပေးမယ်လို့ ဘာဗာက ဆိုပါတယ်။

(Visited 1 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*