ဟစ်တလာရဲ့နာရီကို ဒေါ်လာ ၁ ဒသမ ၁ သန်းနဲ့ လေလံတင် ရောင်းချ
နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာ ပိုင်ဆိုင်ခဲ့ တ ယ်ဆိုတဲ့ နာရီ တလုံးကို ဇူလိုင် ၂၉ ရက်က အမေရိကန်မှာ ပြုလုပ်တဲ့ လေလံပွဲ တခုမှာ ဒေါ်လာ ၁ ဒသမ ၁ သန်းနဲ့ ရောင်းချ နိုင်ခဲ့ပါတယ်။
အမည်မဖော်လိုသူ လေလံဆွဲသူ တဦးထံ ရောင်းခဲ့တဲ့ အဲဒီနာရီမှာ နာဇီ အမှတ်သင်္ကေတနဲ့ ဟစ်တလာ ၏ရဲ့ အမည် အတိုကောက် အေအိတ်ခ်ျ ဆိုတဲ့ စာ လုံး လဲပါ၀င်ပါတယ်။ ၁၉၃၃ ခုနှစ်မှာ ဂျာမနီနိုင်ငံ
ရဲ့ အဓိပတိ ဖြစ်လာတဲ့ ဟစ်တာလရဲ့ မွေးနေ့ လက် ဆောင်အဖြစ် ပေးအပ်ခဲ့ ဖွယ်ရှိကြောင်း နာရီနဲ့ ပတ် သက်သော ထုတ်ကုန် ကတ်တလောက်မှာ ဖော်ပြထားတယ်လို့ လေလံပွဲ တာ၀န်ရှိသူတွေ ကပြောပါတယ်။
မေရီလန်းမှာ ပြုလုပ်တဲ့ လေလံပွဲမှာ အဲဒီနာရီကို လေလံတင် ရောင်းချခြင်း မပြုမီ လေလံတင် ရော င်းချမယ့်ကိစ္စကို ဂျူးခေါင်းဆောင်တွေက ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် ယခင်က နာဇီ အမှတ်တရပစ္စည်းတွေကို ရောင်းချခဲ့တဲ့ လေလံပွဲရဲ့ ရည်ရွယ်
ချက်ဟာ သမိုင်းဆိုင်ရာ ပစ္စည်းတွေကို ထိန်းသိမ်းဖို့ ရည်ရွယ်ကြောင်း လေလံပွဲ တာ၀န်ရှိသူ တွေကပြောပါတယ်။ အဒေါ့ဖ်ဟစ်တလာဟာ ၁၉၃၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း နာဇီဂျာမနီကို ဦးဆောင်ခဲ့ပြီး
လူ ၁၁ သန်းကျော်ကို စနစ်တကျ သတ်ဖြတ်ခဲ့မှု အ တွက် ကြိုးကိုင်ခဲ့ သူဖြစ်ကာ သေဆုံးသူ များထဲက ခြောက်သန်းဟာ ဂျူးတွေ ဖြစ်ပါတယ်။
Be the first to comment