သေနတ် ပစ်မှုများ ဖြစ်ပွား နေခြင်းမှာ သေနတ်များ ကြောင့်မဟုတ်ပဲ ရာဇ၀တ်မှု ကျူးလွန် သူများကြောင့် သာဖြစ်ဟု အမေရိကန် သေနတ် လုပ်ငန်းရှင် များဆို
အမေရိကန် ပြည်ထောင်စုတွင် ယခု အခါ သေနတ် ပစ်ခတ် မှုများ ဖြစ်ပွား နေခြင်းမှာ မိမိတို့ ထုတ်လုပ်သော သေနတ်များ ကြောင့်မဟုတ်ပဲ ရာဇ၀တ်မှု ကို ကျူးလွန် သူများ ကြောင့်သာ ဖြစ်ကြောင်း အမေရိကန် သေနတ် ထုတ်လုပ် သည့် ကုမ္ပဏီ များမှ ထိပ်
တန်း အမှုဆောင် အရာရှိ များက ပြောကြား သည်။ အမေရိကန်တွင် ဖြစ်ပွား နေသော သေနတ် ပစ်ခတ်မှု များကို စုံစမ်း စစ်ဆေး နေသည့် အောက်လွှတ် တော် ကော်မတီ၏ မေးမြန်း ချက်ကို ဇူလိုင် ၂၇ ရ
က်က ထိုသို ပြန်လည် ပြီးတော့ ဖြေကြားခဲ့ ခြင်းပင် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု မှ သေနတ်ထု တ်လုပ် သည့် ကုမ္ပဏီ များဖြစ် ကြသော Sturm, Ruger & Co နှင့် Daniel Defense တို၏ အမှု
ဆောင် အရာရှိချုပ် များသည် အောက်လွှတ် တော် ၏ စုံစမ်းရေး ကော် မတီ၏ ကြားနာ စစ်ဆေးမှု များတွင် သက်သေများ အဖြစ် ထွက်ဆို နေကြရသည်။
Be the first to comment