လူ ၅၀၀ ကျော်ကို နေ့လယ်စာ နေ့စဉ် လှူဒါန်းနေတာ့ ဘာဝတရားရိပ်သာ သရက်တောကျောင်း

လူ ၅၀၀ ကျော်ကို နေ့လယ်စာ နေ့စဉ် လှူဒါန်းနေတာ့ ဘာဝတရားရိပ်သာ သရက်တောကျောင်း

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင်ရှိသော သရက်တော ကျောင်းတိုက်၊ သဘာဝတရားရိပ်သာ အရှေ့မှာ နေ့စဉ် နေ့လယ်စာ ထမင်းနဲ့ဟင်း ဝေငှ လှူဒါန်းနေတာ တစ်နှစ်ကျော် ပြီဖြစ်ပါတယ်။

လိုအပ်နေ သူတွေ အနေနဲ့ ဒီနေ့လယ်စာ ထမင်းနဲ့ဟင်း လှူဒါန်းမှုကို လာရောက် တန်းစီပြီး ယူကြတာ တစ်နေ့ထက် တစ်နေ့ ပိုမို များလာတယ်လို့ အနီးနားရှိသူတွေက ပြောပါတယ်။ အရင်က လာရောက်သူ

အနည်းငယ်သာ ရှိလို့ ကျောင်းမှာရှိတာပဲ လှူဒါန်းခဲ့ပေမဲ့ အခုနောက်ပိုင်း လာရောက်သူ ၄၀၀ ကျော် ရှိလာတာကြောင့် ရန်ကုန် ဆေးရုံကြီးက လိုအပ်နေသူတွေနဲ့ ဝေယျာ၀စ္စ အဖွဲ့တွေ အတွက်ပါ ရောပြီးတော့

လူ ၅၀၀ စာခန့်ကို ချက်ပြုတ် လှူဒါန်းနေ တယ်လို့ ကျောင်းတာဝန်ခံ ဆရာတော် အရှင်ဥတ္တမသီရိက မိန့်ပါတယ်။ လာရောက် လှူဒါန်းလိုသူ တွေအတွက် အသားဟင်းနဲ့ တစ်နပ်စာ ကျပ်ငွေ သုံးသိန်း၊

ပဲကုလားဟင်းနဲ့ ဆိုရင်တော့ နှစ်သိန်းနဲ့ သတ်မှတ်ထားပြီး ကျောင်းကပဲ တာဝန်ယူ ချက်ပြုတ်ပေးနေတယ်လို့ ဆရာတော်က မိန့်ပါတယ်။ လူမျိုးမရွေး ဘာသာမရွေး လာရောက် ယူနိုင်အောင် စီစဉ်ထား

ပြီး အလှူရှင်တွေရဲ့ လှူဒါန်းမှုလည်း ရှိသလို အလှူရှ င် မရှိတဲ့ ရက်တွေမှာလည်း ဘုန်းကြီး ကျောင်းကပဲ ဦးဆောင်ပြီး လှူဒါန်းနေတယ် လို့လည်း ကျောင်းတာဝန်ခံ ဆရာတော် အရှင်ဥတ္တမသီရိက မိန့်ပါတယ်။

(Visited 3 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*