ရှက်ကီရာအား အခွန်ရှောင်မှုဖြင့် ထောင်ဒဏ် ရှစ်နှစ် ချမှတ်ရန် စပိန်အစိုးရရှေ့နေ တောင်းဆို

စပိန် အစိုးရရှေ့နေက ရှက်ကီရာအား ထောင်ဒဏ် ရှစ်နှစ် ချမှတ်ရန် တောင်းဆိုထား

စပိန်အစိုးရ ရှေ့နေတစ်ဦးသည် ကိုလံဘီယာ စူပါစတား ရှက်ကီရာအား ယူရို ၁၄ ဒသမ ၅ သန်း အခွန် လိမ်လည်မှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရရေးကို ကြိုးပမ်း နေကြောင်း အစိုးရရှေ့နေရုံးမှ သိရသည်။ ရှက်ကီရာသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်

အတွင်း စပိန်တွင် နေထိုင်စဉ် အခွန် ပေးဆောင်ရန် ပျက်ကွက် ခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲဆို ခံ ထားရခြင်းဖြစ်သည်။ သို့ရာတွင် ရှက်ကီရာက အဆို ပါ ကာလများအတွင်း စပိန်တွင် နေထိုင်ခဲ့ခြင်း မရှိကြောင်း ပြန်လည် ပြောဆိုထားသည်။ တရားစွဲဆို

ထားသည့် အစိုးရရှေ့နေ၏ မှတ်တမ်းတွင် ရှက်ကီရာသည် ၂၀၁၂ ခုနှစ် မေလ၌ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် အိမ်တစ်လုံး ဝယ်ယူခဲ့ပြီး ၎င်း၏ မိသားစုနှင့်အတူ သာမန် အရပ်သားအဖြစ် ၂၀၁၄ ခုနှစ်အ ထိ နေထိုင်ခဲ့သည်ဟု အခိုင်အမာ ဖော်ပြထားသည်။

အစိုးရရှေ့နေက အဆိုပါ အမှု၌ ရှက်ကီရာသည် အ ပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ်ရှစ်နှစ် ချမှ တ်ပေးရန်နှင့် ဒဏ်ငွေအဖြစ် ယူရို ၂၃ သန်း ထက်မနည်း (ဒေါ်လာ ၂၃ ဒသမ ၅ သန်း) ပေးဆောင်ရန် တောင်းဆိုထားသည်။ အမှုစစ်ဆေး မည့်ရက်ကိုမူ

မသတ်မှတ် ရသေးချေ။ အဆိုပါ အမှုနှင့် ပတ်သ က်၍ မှတ်ချက်ပေးရန် တောင်းဆိုရာတွင် ရှက်ကီရာ၏ ကိုယ်စားလှယ်များက ရှက်ကီရာသည်လုံးဝအပြစ်မရှိဟု ယုံကြည်ထားကြောင်း၊ အဆိုပါ ကိစ္စသည် သူမ၏ အခွင့် အရေးကို လုံးဝချိုးဖောက်

ခြင်းဖြစ်သည် ဟုလည်း ယူဆကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ လက်တင်ပေါ့ပ် ဘုရင်မဟု လူသိများသည့် အသက် ၄၅ နှစ်အရွယ် ရှက်ကီရာသည် စပိန်အခွန်ရုံးမှ အကြွေးယူရို ၁၇ ဒသမ ၂ သန်းကို

ကနဦးပေးချေခဲ့ပြီး ဖြစ်သဖြင့် အခွန် အာဏာပိုင်များထံ အကြွေးကျန် မရှိတော့ကြောင်း ဆိုထားသ ည်။ ရှက်ကီရာသည် အဆိုပါ အမှုအား ပိတ်သိမ်းပေးမည့် အစိုးရရှေ့နေရုံးထံမှ သဘောတူ ကမ်းလှ

မ်းချက်တစ်ခုကို ယခုအပတ် အစောပိုင်းတွင် ငြင်း ပယ်ခဲ့ကြောင်း သိရသည်။ သူမက ၎င်းကမ်းလှမ်းမှုတွင် ပါဝင်ခဲ့သည့် သတ်မှတ် ချက်များကိုမူ ထုတ် ဖော်ပြောကြားထားခြင်း မရှိပေ။

(Visited 3 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*