ဘာမြူဒါလို့လည်း တင်စားကြတဲ့ မြန်မာပြည်က ကမ္ဘာကျော် ပြန်လမ်းမဲ့ရေကန် အကြောင်း

ဘာမြူဒါလို့လည်း တင်စားကြတဲ့ မြန်မာပြည်က ကမ္ဘာကျော် ပြန်လမ်းမဲ့ရေကန် အကြောင်း

 

ယခုဖော်ပြပေးမဲ့ အကြောင်း ကတော့ အိန္ဒိယမြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့ အနီး၊လီဒိုလမ်းမကြီး အနော က်တောင်ဘက် ၂.၅ ကီလိုမီတာ အကွာမှာ တည်ရှိတဲ့ ထူးခြားတဲ့ ရေကန်ကြီး အကြောင်း ပဲဖြစ်ပါတယ်။

ထိုရေကန်ကြီးကို ဒေသခံများ အခေါ်ကတော့ နောင်ယန်းအင်း ဖြစ်ပါတယ်။ ကမ္ဘာလှည့် ခရီးသွားတွေကတော့ ဒီရေကန်ကြီးကို ပြန်လမ်းမဲ့ရေကန် (Lake of No Return) လို့ သိကြပါတယ်။ ထိုကန်ရဲ့အကျ ယ် ကတော့ အလျှား ၁.၄ ကီလိုမီတာ နှင့် အနံ ဝ.၈

ကီလိုမီတာ ဖြစ်ပါတယ်။ ပြန်လမ်းမဲ့‌ ရေကန်လို့ နာ မည်တွင်ရတဲ့ အကြောင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ် မဟာမိတ်တပ်တွေ ဂျပန်နဲ့ လေကြောင်း တိုက်ပွဲမှာ ဒီရေကန်ပေါ်ကို ဖြတ်သန်းသွားတဲ့ စစ်လေယာဉ် ပေါင်းများစွာဟာ ထူးဆန်းစွာ

ပျောက်ဆုံး သွားတယ်လို့ ရာဇဝင်ရှိခဲ့လို့ပဲ ဖြစ်ပါတ ယ်။ ဒါ့အပြင် စစ်သုံး တင့်ကားတွေ၊ စစ်သားတွေ ထူးဆန်းစွာ ပျောက်ဆုံးမှု များလည်း ရှိခဲ့ပါတယ်။ကမ္ဘာကျော် လီဒိုလမ်းမကြီး ဖောက်စဉ်မှာလည်း အမေရိကန် စစ်သားတွေဟာ ဒီရေကန်ရဲ့ အနီးမှာပဲ

မျက်စိလည် ပျောက်သွားတာ‌ တွေရှိခဲ့ပါတယ်။ ဂျ ပန်စစ်တပ် တွေလည်း ဒီ‌ရေကန်နားမှာ ရာသီဥတုဒဏ်၊ငှက်ဖျားဒဏ်ကြောင့်သေဆုံးသွားတဲ့ဖြစ်စဉ်တွေ အများအပြားဖြစ်ပွားခဲ့တယ်လို့လည်း ဆိုကြပါတယ်။ စာရေးသူတစ်ယောက်ကလည်း ဒီနေရာမှာ

ပျောက်ဆုံးသွားတဲ့ အစ္စရေးလူမျိုး တစ်မျိုးစု တစ် စု ပုန်းအောင်းနေတယ်လို့ ဆိုပါတယ်။ရှေးဒေသခံတွေအနေနဲ့တော့ ဒီကန်ဟာ နတ်ဘီလူးတွေ ရှိနေတဲ့ကန်လို့ ယုံကြည် နေကြပြီး ဒီကန်ထဲက ငါးတွေကိုဘေးမဲ့ ပေးထားကြ ပါတယ်။ ဒီကန်ဟာ နဂါးတွေနဲ့

ဆက်နွယ်နေတယ်ဆိုတဲ့ ပုံပြင်ဒဏ္ဍာရီ တွေလည်း ရှိပါတယ်။ သုတေသန ပညာရှင်တွေကတော့ လေယာ ဉ်တွေပျက်ကျခဲ့တဲ့အကြောင်းဟာ လေယာဉ်မှူးတွေဟာ ဒီနေရာက နုန်းမြေပေါ်ကို အရေးပေါ် ဆင်းသ က်ခဲ့တာကြောင့် အန္တရယ်ထဲ ကျရောက်ပြီး ပျက်ကြ

ခဲ့ခြင်းဖြစ်တယ် လို့ ဆိုပါတယ်။ ဒီလိုထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတာကြောင့် ဒီ‌‌ရေကန်ကို ပြန်လမ်းမဲ့ရေကန် (The Lake Of No Return) လို့ အင်္ဂလိပ်တွေက နာမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ နောင်ယန်းအင်း ခေါ် ပြန်လမ်းမဲ့ရေကန်ရဲ့ ဒီလို ထူဆန်းတဲ့

ဖြစ်ရပ်တွေကြောင့် ဘာမြူဒါဒေသ နဲ့ ခပ်ဆင်ဆင်တူတယ်လို့လည်း ပြောဆိုကြပါတယ်။ နောင်ယန်းအင်းကို အိန္ဒိယနိုင်ငံဘက်က အသွားအလာများပြီး တစ်နှစ် တစ်ကြိမ် လာရောက်လေ့ ရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံ သားများကတော့ ရေကန်ကို နတ်ဒေဝါများ၊ နတ်နဂါးများ စောင့်ရှောက်တယ်လို့

ယူဆပြီး လာရောက်ပူဇော် မှုတွေရှိကြတာပါ။ ပြန် သွားရင်လည်း ကန်ထဲက ရေတွေကို သယ်ယူသွားကြတာတွေရှိတယ်လို့ သိရပါတယ်။ မြန်မာပြည်ဘ က်ကနေ သွားရောက်လည်ပတ်မယ်ဆိုရင် ပွင့်လင်းရာသီမှ သာသွားလာဖို့ အဆင်ပြေမှာ ဖြစ်ပြီး မြစ်ကြီးနား၊ တနိုင်း၊ နန်းယွန်း၊ ပန်ဆောင်အထိ သွားရ

မှာဖြစ် ပါတယ်။ နိုင်ငံခြား ခရီးသွားများ ကတော့ မြန်မာပြည် ဘက်ကသွားရင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာကြောင့် အိန္ဒိယဘက်ကနေတဆင့် မကြာခဏလာလေ့ရှိပြီး အိန္ဒိယရဲ့ဘာမြူဒါလို့ နာ မည်ကြီးပါတယ်။

(Visited 3 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*