နှစ်ပေါင်း ၇၇ သန်းခန့်က ဒိုင်နိုဆော အရိုးစုအားဒေါ်လာ ၆ သန်းဖြင့်ရောင်းချ

နှစ်ပေါင်း ၇၇ သန်းခန့်က ဒိုင်နိုဆော အရိုးစုအားဒေါ်လာ ၆ သန်းဖြင့်ရောင်းချ

လွန်ခဲ့သော နှစ်ပေါင်း ၇၇ သန်းခန့်က အသက်ရှင်နေထိုင်ခဲ့သော ထရိုင်နိုဆောရပ်စ် မျိုးနွယ်ဝင် ဖြစ်သော ဂေါ်ဂိုဆောရပ်စ် ၏အရိုးစုကို လေလံပွဲတွင် ဒေါ်လာ ၆ သန်းကျော်ဖြင့် ရောင်းချခဲ့သည် ဟုသိရ

ပါသည်။ ၂၀၁၈ ခုနှစ်က အမေရိကန် ပြည်ထောင်စု မွန်တာနာပြည်နယ်၌ ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟော င်းအရိုးစုကို ကြာသပတေးနေ့က သဘာဝ သမိုင်းလေလံပွဲ၌ ဒေါ်လာ ၆ ဒသမ ၀၇ သန်းဖြင့် ရောင်းချ

ခဲ့သည်ဟု Sotheby’s ကပြောကြားခဲ့သည်။Sotheby’s က ၎င်း၏ ၀က်ဘ်ဆိုဒ်တွင် ပြောကြားခဲ့သည်မှာ ယခုအရိုးစုသည် လူသိများသော ဂေါ်ဂိုဆောရပ်စ် နမူနာ ၂၀ ထဲမှ တစ်ဦးတည်းပိုင် သီး

သန့်ဝယ်ယူနိုင်သည့် တစ်ခုသာဖြစ်ကာ အခြားနမူနာအများစုကို ရောင်းချရန် တားမြစ်ထားကာ တင်း ကျပ်သော ပို့ကုန် စည်းမျဉ်းများရှိသည့် ကနေဒါတွ င်တွေ့ရှိရ‌ ကြောင်းဆိုခဲ့သည်။

အရှည် ၆ ဒသမ ၇ မီတာ (၂၂ ပေ) နီးပါးရှိပြီး အမြ င့် ၃ မီတာ (၁၀ ပေ) နီးပါးရှိသော အရိုးစုကို မည်သူဝယ်ယူ ခဲ့သည် ကိုတော့ လေလံဌာနက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ “အဆိုပါ ဂေါ်ဂိုဆောရပ်စ်

သည် လွန်ခဲ့သောနှစ်ပေါင်း ၇၇ သန်းခန့်က ယခု မြောက်အမေရိက၏ အနောက်ဘက် ဒေသတွင် နေထိုင်ခဲ့ကြောင်း Sotheby’s က ဆိုသည်။ သို့ သော် ယခုကဲ့သို့ တစ်ဦးတည်း ပိုင်အဖြစ် ရောင်း

ချခြင်းအပေါ် သိပ္ပံပညာရှင် အများစုက သဘောမကျပဲ ကန့်ကွက်ကြောင်း သိရှိရသည်။ Source – Aljerzeera

(Visited 1 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*