တရုတ်ဒုံးပျံရဲ့ အစိတ်အပိုင်းတွေ ဇူလိုင် ၃၁ ရက်မှာ ကမ္ဘာပေါ် ကျရောက်မယ်လို့ သုတေသီတွေ ခန့်မှန်းပြောကြား

တရုတ်ဒုံးပျံရဲ့ အစိတ်အပိုင်းတွေ ဇူလိုင် ၃၁ ရက်မှာ ကမ္ဘာပေါ် ကျရောက်မယ်လို့ သုတေသီတွေ ခန့်မှန်းပြောကြား

မကြာသေးမီ ရက်ပိုင်း အတွင်းက တရုတ်နိုင်ငံ ကနေပြီး လွှတ်တင်ခဲ့တဲ့ ဒုံးပျံရဲ့ အပိုင်းအစ တွေဟာ လာမယ့် သီတင်းပတ် ကုန်ပိုင်းမှာ ကမ္ဘာ့ပေါ်ကို ပြန် လည် ကျရောက်ဖို့ရှိနေပြီး ဒီဖြစ်စဉ် အပေါ် အနီးက

ပ်ခြေရာခံ စောင့်ကြည့်နေကာ ကမ္ဘာပေါ်က လူတွေအတွက် အန္တရာယ်န ည်းပါးမယ်လို့ တရုတ်နိုင်ငံ က ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။ ကမ္ဘာပတ် လမ်း ကြောင်းမှာ တည်ဆောက် နေတဲ့ တရုတ်နိုင်ငံ ရဲ့

အာကာသ စခန်းအတွက် သုတေသန ဓါတ်ခွဲခန်း တစ်ခုကို ဇူလိုင် ၁၄ ရက်မှာ Long March 5B ဒုံးပျံနဲ့ တရုတ်နိုင်ငံက လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဒုံးပျံဟာ အရှည်ပေ ၁၀၀ ရှိပြီး ၂၂ တန်လေးတဲ့ ဒုံးပျံရဲ့ ပင်မကိုယ်ထည်ဟာ ကမ္ဘာပတ်

လမ်း အနိမ့်ထဲမှာ ရောက်ရှိ နေပြီး ဇူလိုင် ၃၁ ရက်မှာ ကမ္ဘာမြေပေါ်ကို ကျရောက်မယ်လို့ အမေရိကန်သုတေသနအဖွဲ့ Aerospace Corp က ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒုံးပျံကိုယ်ထည်ဟာ ကမ္ဘာ့

လေထုထဲ ၀င်ရောက်ချိန်မှာ လေထုနဲ့ ပွတ်တိုက်မှုကြောင့် ပြိုကွဲသွားမှာ ဖြစ်ပေမယ့် လောင်ကျွမ်းမှု မရှိတဲ့ အစိတ်အပိုင်း တွေဟာ အလျား ၁၂၄၀ မိုင်နဲ့ အနံ ၄၄ မိုင် နယ်မြေပမာဏထိ အပျက်အစီးတွေ

ကျရောက်နိုင်တယ်လို့ သုတေသီတွေ ကပြောပါတ ယ်။ ဒုံးပျံအပျက် အစီးတွေ ကျရောက်မယ့် နေရာကို လက်ရှိမှာအတိအကျ မသိရသေးပေမယ့် ကမ္ဘာ့လေထုထဲ ပြန်၀င်မယ့် အချိန်မှာတော့ နေရာအသိအကျကို ဖော်ထုတ်နိုင်မယ် လို့ဆိုပါတယ်။

(Visited 2 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*