စိတ်ဝင်စားဖို့ကောင်းလှတဲ့ ပြည်သူ ချစ်မင်းသမီးချော အိန္ဒြာကျော်ဇင် ဖြတ်သန်း ခဲ့ရတဲ့ သူမဘဝအကြောင်း

စိတ်ဝင်စားဖို့ကောင်းလှတဲ့ ပြည်သူ ချစ်မင်းသမီးချော အိန္ဒြာကျော်ဇင် ဖြတ်သန်း ခဲ့ရတဲ့ သူမဘဝအကြောင်း

ပရ်သတ်တွေ အားလုံးက ချစ်စနိုးနဲ့ အူဝဲလို့ ဝိုင်း ခေါ်တဲ့ သူမ ကိုတော့ ၁၉၇၇ခုနှစ်၊ ဧပြီလ ၂၄ရက် နေ့မှာ မွေးဖွားခဲ့ပါတယ်။  သူအရဲ့ မိဘနှစ်ပါးက တော့ ဦးကျော်ဇင်နဲ့ ဒေါ်မြသီတာတို့ပဲ ဖြစ်ပါတယ် ။ မွေးချင်းသုံးဦးရှိပြီး သူမက တော့ အငယ်ဆုံး

ဖြစ်ပါ တယ်။ အိန္ဒြာကျော်ဇင်ရဲ့ မွေးရပ် ဇာတိက တော့ ရန်ကုန်မြို့ ဖြစ်ပါတယ်။ သူမရဲ့မိဘမျိုးရိုးကို ကြည့်မယ် ဆိုရင်တော့ သူမဟာ ခုထက်ထိ အောင် မြင် ကျော်ကြားနေဆဲဖြစ်တဲ့ စာရေး ဆရာကြီး ဒဂုန်တာယာရဲ့တူမ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ဟာ

သမိုင်းဝင် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်တစ်ဦးတဲ့ ဗိုလ်ဇေယျရဲ့ မြေးတော်စပ်သူ လည်း ဖြစ်ပါတယ်။ ရုပ် ရှင်မင်းသားကြီ ကောလိပ်ဂျင်နေဝင်း၏ တူမတော် စပ်သူ ဖြစ်ပြီးတော့ ရာဇာနေဝင်းနဲ့ ဟေမာနေဝင်းတို့နဲ့လည်း အမျိုးတော်စပ်သူ ဖြစ်ပြီး ပိုင်ဇေရဲထွန်း

နှင့် လည်း မောင်နှမဝမ်းကွဲ တော် စပ်သူဖြစ်ပါတယ် ။အိန္ဒြာကျော်ဇင်ဟာ သူမရဲ့အပြုံးချိုချို လေးတွေနဲ့အတူ သရုပ်ဆောင် ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ရင် ထဲမှာနေရာတစ် နေရာကို ယူထားနိုင်ပြီးအကယ် ဒမီဆုတွေကို ရရှိခဲ့သူ ဖြစ်ပါတယ်။ သူမ

ဟာ အနုပညာ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေရင်းနဲ့ မြန်မာ့မင်းသားထဲမှ ထိပ်ဆုံးက အောင် မြင်နေတဲ့ စူပါစတား မင်းသားဖြစ်တဲ့ ပြေတီဦး နဲ့ရွေလက် တွဲထားပါတယ်။ အောင်မြင်တဲ့ ဘဝကို ပိုင် ဆိုင် ပြီးလူတိုင်းက အားကျရတဲ့ မိသားစု ဘဝ

လေးကိုလည်း ရရှိ ပိုင်ဆိုင် ထားပါတယ်။ သူမမှာ ချစ်စရာ ကောင်းတဲ့ သမီးတစ်ယောက်နဲ့ သားတစ်ယောက်ကို ပိုင်ဆိုင် ထားသူလည်း ဖြစ်ပါတယ်။ အိန္ဒြာကျောဇင်ဟာ အနုပညာအလုပ် တွေအပြင် သူမကတော့ ကိုယ်ပိုင်စီးပွားရေးအဖြစ် ရေမွေးနဲ့ အိတ်

တွေကိုလည်း သူ့အမည် နဲ့တင်သွင်းကာ လုပ်ကိုင်နေသူ ဖြစ်ပါတယ် ။ ခုလက်ရှိမှာတော့ သူမရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ မတရားမှုကို ငြိမ်ကြည့်နေလို့ အဆင်မပြေတဲ့ အတွက်ကြောင့် သူမတို့ ဇနီးမောင် နှံကတော့ အဖမ်းခံလိုက် ရပါသေးတယ်။ သူမတို့

မိသားစုကို ချစ်ခင်ကြတဲ့ ပရိသတ်တွေရဲ့ ပို့သတဲ့ ဆုတောင်း မေတ္တာကြောင့် သူတို့မိသားစု ကလေးဟာ အရင်လို ပျော်ပျော်ရွင်ရွင် ပြန်နေထိုင်နိုင် နေပြီပဲ ဖြစ်ပါတယ်။

(Visited 13 times, 4 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*