ခေတ်ကာလ မကောင်းတဲ့ ခုလိုချိန်မှာ ကျင်းပမယ့်သီချင်းဆို ပြိုင်ပွဲတိုင်းကို ၀င်ပြိုင်မှာ မဟုတ်ကြောင်း ပွင့်လင်းစွာ ပြောပြလာတဲ့ ခင်ရတနာစိုး

ခေတ်ကာလ မကောင်းတဲ့ ခုလိုချိန်မှာ ကျင်းပမယ့်သီချင်းဆို ပြိုင်ပွဲတိုင်းကို ၀င်ပြိုင်မှာ မဟုတ်ကြောင်း ပွင့်လင်းစွာ ပြောပြလာတဲ့ ခင်ရတနာစိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ ခင်ရတနာစိုး လို့ဆိုလို က် တာနဲ့ မြန်မာသံစဉ် သီချင်းတွေကို နား၀င်ချို လွန်းအောင် ဆိုတက်တဲ့ အဆိုရှင်ကို ပြေးမြင်ကြမယ်ထင်ပါ တယ်။ The Voice Myanmar အဆိုပြိုင်ပွဲကြီး ကနေပြီးတော့ ပရိတ်သတ် ရင်ထဲကို

ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ခင်ရတနာစိုးက ဆ ရာဖြစ်သူ နီနီခင်ဇော် ရဲ့လမ်းညွှန် ဆုံးမမှူ့ အောက်မှာ အကောင်းဆုံး ကြိုးစားရင်းနဲ့ ပရိတ်သတ်အားပေးမှူ့ကိုရ လာခဲ့တာပဲ ဖြစ်ပါတယ်..။

ဒီကနေ့မှာတော့ ခင်ရတနာစိုးက သူမအနေနဲ့ အလု ပ်တွေလုပ်ခဲ့ပေမယ့် လူတွေ မျက်မုန်းကျိုးရလော က်အောင် မလုပ်ခဲ့တဲ့ အကြောင်းကို အခုလိုပဲပြောပြလာပါ တယ်။ ခင်ရတနာစိုးက “ ခေတ်အခါကိုကြည့်၍ ညီမနယ်မှာ ဆိုခဲ့တဲ့ အဆိုပွဲလေးတွေတော

င် လိုင်းပေါ်မတင်ပဲ အလုပ်ကို ငြိမ်သက်စွာ လုပ်ခဲ့တာပါ။ ဝမ်းရေး ကြောင့် အလုပ်လုပ်ရပေမယ့် ခေ တ်အခါကို ကြည့်၍ ညီမလိုင်းပေါ်ကို ဘာမှမတင်ခဲ့ပါဘူး။ Live sale တွေတောင် ညီမ အရင်လက်ခံလက်စ တွေပဲလုပ်ခဲ့တာ အားလုံး သိပြီးသားပါ..။

အခုနောက်နောင် ဖြစ်ပေါ်လာမည့် တခြားသီချင်းဆိုပြိုင်ပွဲများ ယခုအချိန်အခါမှာ ကျင်းပသည့် ပြိုင်ပွဲများကို ညီမလုံးဝ ပြိုင်မှာမဟုတ်ပါ။ ညီမမိသားစုဝင်ထဲမှ ပြိုင်ခဲ့ရင်လည်း ညီမနဲ့ သက်ဆိုင်မည်မဟုတ်ပါ။ Boycott မယ်ဆိုလည်း ညီမနဲ့မဆိုင်ပါ။

ညီမလည်း ဒီကာလမှာ ရေပေါ်ဆီလောက် ပဲလုပ်ပေးနိုင်ခဲ့ပေမယ့် ညီမ လုပ်တဲ့အလုပ် ညီမပျော်တဲ့အပျော်တွေကို တတ်နိုင်သလောက် လျှော့ချပြီးငြိမ်နေ ပေးခဲ့တာပါ ” ဆိုပြီး ပြောလာပါတယ်နော်။

စာ ဖတ်ပရိတ်သတ် ကြီးလည်း ပျော်ရွှင်ချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေနော်..။

(Visited 15 times, 3 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*