ကမ္ဘာတစ်ဝှမ်းက အန္တရာယ်အရှိဆုံး သဲထိတ်ရင်ဖို မရဏ လူသွားလမ်းများ အကြောင်း

ကမ္ဘာတစ်ဝှမ်းက အန္တရာယ်အရှိဆုံး သဲထိတ်ရင်ဖို မရဏ လူသွားလမ်းများ

အများစုဟာ သာယာလှပတဲ့ တောလမ်း လျှောက်ခြ င်း သို့မဟုတ် ပင်လယ်ပြင် ဘေးမှာ လမ်းလျှောက်ခြင်းတို့ကို နှစ်ခြိုက် ကြပါတယ်။ ဒါပေမဲ့လည်း သာ ယာလှပတဲ့ ရှုခင်းမျိုး အတွက် အန္တရာယ် များလှတဲ့ စွန့်စားခန်း တစ်ခုအဖြစ် လမ်းလျှောက်ခြင်းကို ပြု

လုပ်ရတော့မယ် ဆိုရင်တော့ တွေဝေသွားမှာက အ သေအချာပါပဲ။ လွန်စွာမှာ ရဲရင့်ပြီး သတ္တိရှိလှပါတယ်ဆိုတဲ့ သူများကိုပင် ကြောက်လန့် သွားနိုင်တဲ့ ကမ္ဘာပေါ်က အန္တရာယ်အများဆုံး မရဏ လူလျှောက်လမ်းတွေကို ကြည့်လိုက်ကြရ အောင်ပါ။

ပရိသတ်ကြီးရော ဒီလျှောက်လမ်း တွေပေါ်မှာ ပုံမှန်အတိုင်း လျှောက်လှမ် းနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိပါသလား။

1. El Caminito del Rey, စပိန်

နှစ် ၁၀၀ နီးပါး သက်တမ်းရှိ ပြီဖြစ်တဲ့ ဒီလမ်းကို “မ ရဏလမ်း” လို့လည်း ကမ္ဘာတစ်ဝှမ်းမှာ လူသိများပါတယ်။ ချောက်ကမ်းပါး ဘေးမှာ ကပ်တည် ထားတဲ့ လျှောက်လမ်း လေးဖြစ်တာမလို့ အရှည် ၂ မိုင်၊

အမြင့် ၁၀၀ မီတာနဲ့ အကျယ် ၁ မီတာမှာ လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် မှ ၂၀၀၀ ခုနှစ် အတွင်း လူငါးဦး သေဆုံးခဲ့ရပြီးနောက် ၂၀၀၁ ခုနှ စ်မှာ လမ်းပိတ်ခဲ့ပြီး ကမ်းစပ်မှ အောက်ဘက် အစွန်

ဆုံး မြစ်ထဲသို့ ပြုတ်ကျသူများကို တားဆီးရန် အတွ က် အာဏာပိုင်များက ခြံစည်းရိုးများဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ လူသွားစင်္ကြံမှာ ခြံစည်းရိုးတွေ ခတ်ထားပေမယ့် လမ်းလျှောက်ရတာဟာ အန္တ ရာယ်များနေတုန်းပါပဲ။

2. Drakensberg Traverse, တောင်အာဖရိက

၁၉၈၅ မတိုင်ခင်ထိ Drakensberg Traverse မှာ လူ ၅၅ ယောက် အသက် ဆုံးရှုံးခဲ့ရပြီး ယနေ့ချိန်ထိလည်း သေဆုံးမှုတွေ ရှိနေခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ လူသေ အများဆုံးသော လျှောက်လမ်း အဖြစ် မှတ် တမ်းဝင်ထားခဲ့သလို ဒီလို သေဆုံးမှုတွေ ကြုံတွေ့ရ

ထိတိုင်အောင် လူတွေဘာလို့ ဒီနေရာကို လာနေရသလဲဆိုရင်တော့ အမိုက်စား ရှုခင်းတွေကို တောင်ထိ ပ်မှာ ခံစားနိုင်လို့ပါပဲ။ Natal အမျိုးသားဥယျာဉ်ကို ဖြတ်ရမယ့် မိုင် ၄၀ ရှည်သော ခရီးဟာ ကမ္ဘာပေါ်ရှိ အထင် ရှားဆုံးသော တောင်တန်း မြေပြင် အချို့ကို

ဖြတ်ကျော်ရတဲ့ ဒီမရဏလမ်းမှာ လမ်းလျှောက် သူ များဟာ တောင်ပေါ်သို့ တက်ရန် တွယ်ကပ် ရမယ့် သံကြိုး လှေကားနှစ်စင်း၊ ကျောင်းတုံးများနဲ့ ထိန်း ကျောင်းထားတဲ့ လမ်းကျဥ်းလေးကို ဖြတ်ကျော်ရမှာဖြစ်ပါတယ်။

3.Aonach Eagach Ridge, စကော့တလန်

အတွေ့အကြုံရှိသူ တောင်တက် သမား မပါဘဲ လုံးဝကို မတက်လှမ်းသင့်တဲ့ အမျိုးအစားထဲမှာ ပါဝင်နေပါတယ်။ တောင်တက်ရတဲ့ မြင်ကွင်းတွေက မယုံနိုင်လောက်အောင် လှပပြီး ရင်သပ် ရှုမောဖွယ် ရှိပါတ ယ်။

ဒါပေမယ့် တောင်ထိပ်တစ်လျှောက် လျှောက်လမ်းက အလွန်ပါးလွှာပြီး တစ်ခုခု လွဲချော်ခဲ့ပါက အသ က် ဆုံးရှုံးသွား နိုင်တာကြောင့် ခရီးအစနဲ့ အဆုံး ပြ န်ဆင်းဖို့အထိ ယုံကြည်ချက်ရှိမှ ဖြတ်ကျော်သင့်တဲ့ လျှောက်လမ်း မျိုးပါပဲ။

4. Angel’s Landing, Utah

Utah ရှိ Zion အမျိုးသားဥယျာဥ်ဟာ ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံး လမ်းလျှောက်ခြင်းရဲ့ ခေါင်းစဉ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ နာမည်ကျော် Angel’s Landing ရဲ့ နေရာဖြစ်ပါတယ်။ နှစ်သန်းပေါင်း ၂၇၀ သက်တမ်းရှိ ကျောက်သား အလွှာများ ရင်

သပ်ရှုမောဖွယ် ရှုခင်းများဖြင့် လမ်းလျှောက်ရမှာ ဆိုပေမဲ့ ကွေ့ကောက်နေတဲ့ လမ်းကြောင်းအကျဲတွေနဲ့ မတ်စောက်သွားမယ့် လျှောက်လမ်းတို့ဟာ အသက် အန္တရာယ်နဲ့ ကြုံတွေ့စေ နိုင်ပါတယ်။

မြင့်လာတာနဲ့အမျှ လျှောက်လမ်းအောက်က ကျော က်လွှာတွေဟာ ပိုကျဲလာပြီး နောက်ဆုံး မိုင်ဝက်ရဲ့ လျှောက်လမ်း ပုံစံဟာ ဒီနေရာမှာ ဘာကြောင့် လူတွေ ဒီလောက်တောင် သေခဲ့တာလဲ ဆိုတာကို အ ဖြေထုတ်ပေးပါလိမ့်မယ်။

Angels Landing ကိုယ်တိုင်က ချောက်ထဲက ပေ ၁၅၀၀ အကွာမှာ ဆူးတောင် ပုံသဏ္ဍာန်နဲ့ တည်ရှိနေတာပါ။

5. GR 20, Corsica

 

ဒီကြမ်းတမ်းတဲ့ လမ်းတစ်လျှောက်မှာ တောင်တက်ခြင်းဟာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မမြင်တွေ့နိုင်တဲ့ အညီညာဆုံး ဒေါင်လိုက် မြေပြင် အချို့ကို ဖြတ်ကျော်ရမှာဖြစ်ပါတယ်။ အချို့ နေရာတွေ မှာတော့အ ထောက်အကူဖြစ်စေရန် ကြိုးတန်းကြီးများ ထားရှိပေးထားပါတယ်။

ဒီနေရာကို လျှောက်လှမ်းဖို့ ဆိုရင်တော့ ကြံ့ခိုင်မှုက ကောင်းမွန်နေဖို့နဲ့ စိတ်ဓာတ် တက်ကြွနေဖို့ လိုအပ်ပါတယ်။ Corsica ရဲ့ ၁၇၀ ကီလိုမီတာ လျှောက်လမ်းကို ဖြတ်သွားစဉ်မှာလည်း တစ်နေ့ကို အနည်း ဆုံး ခြောက်နာရီလောက်က နေရောင်ခြည်ရဲ့ စူးရှတဲ့ အပူချိန်ကို ခံစားရင်း လမ်းလျှောက်ရပါလိမ့်မယ်။

6.C ascade Saddle, နယူးဇီလန်

 

လှပတဲ့ ရှုခင်း အမြောက်အမြားကို တဝကြီး ကြည့်ရှု အပန်းဖြေနိုင်ဖို့ရာ တောင်တက်သူ တွေဟာ မရ ဏလမ်းကို လျှောက်လမ်းဖို့တော့ လိုပါလိမ့်မယ်။ အမျိုးမျိုးသော လျှောက်လမ်းတွေ အနက်ကမှ Cascade Saddle ကတော့ အန္တရာယ်အများဆုံး

လျှောက်လမ်းတစ်ခု ဖြစ်နေပါတယ်။ ရှုခင်းတွေက လုံးဝကို အံ့သြစရာကောင်းပေမယ့် ကြမ်းတမ်းတဲ့ မြက်ခင်းပြင်တွေနဲ့ သစ်တောတွေကို ဖြတ်လျှောက်ရတဲ့အခါ ရေတံခွန်ထဲက ကျောက်ချောတွေဟာ ချော်ကျသေဆုံးစေနိုင်လို့ ခက်ခဲပြီး အန္တရာယ်ရှိတဲ့

တောင်တက်ခြင်း မျိုးပါပဲ။ ချိုင့်ဝှမ်း တစ်ခုလုံးထဲ့ အထက်မှာတော့ တင့်တယ်ခမ်းနားလှတဲ့ ရှုခင်းနဲ့ ပတ်ဝန်းကျင်တို့က စီးကြိုလို့နေမှာပါ။

(Visited 3 times, 2 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*