၁၆ နှစ်အရွယ် စင်ကာပူသူ ဒီဇိုင်းဆွဲတဲ့ အင်္ကျီကို ယူကရိန်းသမ္မတ ဝတ်ဆင်

၁၆ နှစ်အရွယ် စင်ကာပူသူ ဒီဇိုင်းဆွဲတဲ့ အင်္ကျီကို ယူကရိန်းသမ္မတ ဝတ်ဆင်

စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း လုံခြုံရေး ထိပ်သီး အစည်းအဝေး ပွဲကို အွန်လိုင်းကနေ တက်ရောက်ချိန်မှာ ယူကရိန်း သမ္မတ ဇီလင်စကီး က ၁၆ နှစ်အရွယ် စင်ကာပူ နိုင်ငံသူ ဒီဇိုင်းဆွဲထားတဲ့ တီရှပ်

ကို ဝတ်ဆင် ခဲ့ပါတယ်။ အေဗာဆိုဟာ ၁၄ နှစ်သမီးအရွယ်မှာပဲ Daughters of the Revolution ဆိုတဲ့ သူ့ကိုယ်ပိုင် အမှတ်တံဆိပ်ကို စတင်ခဲ့တာပါ။ ဇီလင်စကီး ဝတ်ဆင်ခဲ့တဲ့ တီရှပ်ကတော့ လှေကား

ပေါ်တက်ပြီး ယူကရိန်းနိုင်ငံ အလံပုံ ဆေးမှုတ်နေတဲ့ မိန်းကလေး ငယ်တစ်ဦးရဲ့ NFT ပုံ ဒီဇိုင်းဖြစ်ပါ တ ယ်။ ” မတရား ဖိနှိပ်မှုနဲ့ ကြုံတွေ့ ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းက အကောင်းဆုံး ဆန့်ကျင်

မှုပါပဲ။ ယူကရိန်း မိန်းကလေးငယ်က ဖိနှိပ်မှုကို အံတုပြီး အနာဂတ်ကို ပုံဖော်နေတဲ့ အဓိပ္ပာယ်ပါ”လို့ အေဗာဆိုရဲ့ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။ အေဗာဆိုဟာ အဲဒီအင်္ကျီ ရောင်းချမှုက

နေ ရရှိလာတဲ့ အမြတ်ငွေတွေကို ကိုယ်ကျိုးအတွက် သုံးစွဲမှာမဟုတ်ဘဲ (ရုရှားကျူးကျော်စစ် ကြုံတွေ့နေတဲ့ ယူကရိန်းနိုင်ငံအတွက် ) စင်ကာပူနိုင်ငံဆိုင်ရာ ယူကရိန်း သံရုံးကို လှူဒါန်းပေ သွားမှာပါ။

အေဗာဆိုဟာ ဒီအင်္ကျီကို ဒီဇိုင်းဆွဲဖို့ ၃ ပတ်လောက် အချိန်ယူရပြီး အသေးစိတ် ပြင်ဆင် မွမ်းမံဖို့ နော က်ထပ် ၃ ပတ် ကြာခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ စင်ကာပူနိုင်ငံရဲ့ လက်ရွေးစင် စကိတ်စီးမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။

(Visited 1 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*