သင့်ကို ပိုပြီးလှပသွားစေမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတွေနဲ့ သဘာဝပေါင်းတင်နည်း (၅) မျိုး

သင့်ကို ပိုပြီးလှပသွားစေမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတွေနဲ့ သဘာဝပေါင်းတင်နည်း (၅) မျိုး

မိမိတို့ရဲ့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အကြောင်း ရင်းတွေ အများကြီးရှိပါတယ်။ အိပ်ရေ ပျက်တာ၊နေရောင်ခြည်နဲ့ ထိတွေ့တာ၊ ကိုယ်လက် လေ့ကျင့်ခန်း လုပ်တာ အားနည်းတာ၊လေထု ညစ် ညမ်းတာ၊ သကြားစားသုံးမှု များတာတွေ  အပါအ

ဝင် တခြားသော အကြောင်းအရင်း တွေလည်း ရှိပါသေးတယ်။ ဒါ့ကြောင့် အလှအပ အတွက်ဆို ဈေးကြီး ပေးဝယ်ရတဲ့ ကုန်ပစ္စည်းတွေကို လူတွေက အ များကြီး ဝယ်သုံးကြပါတယ်။ သဘာဝ နည်းလမ်း တွေ အတိုင်း ပြုလုပ် ထားတာဆို ပိုပြီးတော့တောင်

ဈေးကြီးပေး ဝယ်ရပါ သေးတယ်။ အခု စာရေးသူပြောပြ ပေးမှာကတော့ စာဖတ်သူတို့ အနီးအနား ပတ်ဝန်းကျင် မှာလည်း ရှာရလွယ်ပြီး ပြုလုပ်ရလွယ်တဲ့ ရိုးရှင်းလွယ်ကူတဲ့ သဘာဝ ပေါင်းတင်နည်းတွေဖြစ်ပါတယ်။

၁။ နံပါတ်တစ်အနေနဲ့ ပြောပြပေး မှာကတော့ ငှက် ပျောသီး အခွံနဲ့ပေါင်းတင်တဲ့ နည်းလမ်းလေးပါ။ ငှ က်ပျောသီးဟာ အဟာရဓာတ် ပြည့်ဝတဲ့ အစား အ စာတစ်ခုပါ။ ခါတိုင်းလို ငှက်ပျောသီး စားပြီးရင် အ ခွံကို လွှင့်မပစ်ပဲ အသားရေ ချောမွေ့ဖို့ ပေါင်းတင်ဖို့

အသုံးပြုလိုက်ပါ။ ငှက်ပျောခွံက ဝက်ခြံကို သက်သာစေပါတယ်။ မျက်နှာပေါ်က အရေးကြောင်း တွေ ကိုလည်း လျော့ပါး စေနိုင်ပါတယ်။ ငှက်ပျောသီး စားပြီး ငှက်ပျောခွံကိုလွင့်မပစ်ဘဲ မျက်နှာပေါ်မှာ အသာ လေး ပွတ်ပေးလိုက်ပါ။ ၃ မိနစ် ၅ မိနစ်လောက် ပွ တ်ပေးနေပါ။ ပြီးရင် မျက်နှာသစ် လိုက်ပါ။

၂။ နံပါတ်နှစ် ပြောပြပေးမဲ့ အရာကတော့ သဘာဝတေးဖက်ဝင် ပစ္စည်းတစ်ခုဖြစ်တဲ့ ပျားရည် ပဲဖြစ်ပါတယ်။ ပျားရည်က သင့်အသား အရေကို ပိုပြီးလှပလာစေ နိုင်ပါတယ်။ ဘက်တီးရီးယား ကြောင့် ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေပြီး သင့်ရဲ့ အသားအ

ရေကို ပိုပြီး ချောမွေ့ လာစေပါတယ်။ ပျားရည်ကို မျက်နှာပေါ်မှာ နေ့တိုင်း ပွတ်လိမ်းပေးရင် အသား အရေက ပိုပြီးလှပလာမှာ သေချာပါတယ်။

၃။ နံပါတ်သုံးအနေနဲ့ ပြောပြပေးမဲ့ အရာလေးက တော့ ကျနော်တို့ အတို့အမြုပ်အဖြစ် စားသုံးနေတဲ့ သခွားသီးနဲ့ ပေါင်းတင်မယ့် နည်းလမ်း လေးပါ။ သခွားသီးဟာ အသားအရေ အတွက်ရော ကျန်းမာ ရေးအတွက်ပါ ကောင်းတယ်ဆိုတာ အားလုံးလည်း

သိပြီးသားပါ။ သခါးသီးဟာ အသားအရေကို အေး မြစေပြီး ရေဓာတ် ဖြည့်တင်း ပေးပါတယ်။ သခွားသီးကို ခပ်ပါးပါးကလေး လှီးပြီး မျက်နှာ ပေါ်မှာ က ပ်ပေးထားပါ။ ပြီးရင်တော့ နာရီဝက်လောက် ထားပြီး ရေဆေးချ လိုက်ပါ။ သင့် အသားရေဟာ သိသိသာသာ စိုပြေ ချော့မွေလာမှာ အသေချာပါပဲ။

၄။ နံပါတ်လေး ပြောပြပေးမယ့် အရာကတော့ ရှား စောင်းလက်ပတ် အကြောင်းပါ။ ရှားစောင်းလက် ပတ်ကလည်း သင့်အသားအရေပေါ်က အမာရွတ်တွေကို သက်သာစေသလို အသားအရေကို ညီညာချောမွတ်လာစေပါတယ်။ ရှားစောင်းလက်ပတ်ကို

နေ့တိုင်းလိမ်းပေးရင် အသားအရေ သိသိသာသာကောင်းမွန်လာမှာပါ။ ရှားစောင်းလက်ပတ် နဲ့ မတ ည့်တဲ့သူတွေလည်းရှိပါတယ်။ ဒါ့ကြောင့် ကိုယ်နဲ့ တ ည့်မတည့်ကို အရင်စမ်းကြည့် သင့်ပါတယ်။ မတည့်ရင်တော့ မသုံးပါနဲ့။

၅။ နံပါတ်ငါး အကြောင်းအရာ ကတော့ ကျနော်တို့ မီးဖိုချောင်မှာ ချက်ပြုတ်စားသောက်နေတဲ့ အာလူး နဲ့ ပေါင်းတင်မဲ့ နည်းလမ်းလေး ပဲဖြစ်ပါတယ်။ အာ လူးကို မျက်နှာပေါ်မှာ တစ်နေ့ နှစ်ကြိမ် ကပ်ပေး ခြ င်းဖြင့် အသားအရေ အရင်ကထက် ပိုကောင်း

လာမှာပါ။ အသားအရေကို ပိုပြီးဖြူ လာစေမှာ ဖြစ်ပါတယ်။ အာလူးအစိမ်းက အပူ စုပ်ပေးသလို မျက် ကွင်းညိုတာကို ပါသက်သာ စေပါတယ်။

(Visited 1 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*