ပေါက်ပန်းဖြူ /ပေါက်ပန်းဖြူ(နီ) တို့ရဲ့ ဆေးဖက် ဝ င်ပုံနှင့် သက်သာပျောက်ကင်း စေနိုင်သော ရောဂါများ 

ပေါက်ပန်းဖြူ /ပေါက်ပန်းဖြူ(နီ) တို့ရဲ့ ဆေးဖက် ဝ င်ပုံနှင့် သက်သာပျောက်ကင်း စေနိုင်သော ရောဂါများ

ပေါက်ပန်းဖြူ ပင်များသည် မြန်မာ နိုင်ငံ ဒေသအ များ အပြား၌ ပေါက်ရောက်ပြီး သဘာဝ အလျော က် ပေါက်ရောက်သည့် အပင်အမျိုးစားဖြစ်သည်။ ပင်လတ်မျိုးဖြစ်၍ အကိုင်းအခက်များပြားသည်။

အရွက်မှာ ရွက်ပေါင်း ဖြစ်ပြီး ရွက်ရင်းနှင့်ရွက်ထိပ်ဝိုင်းသည်။ ပန်းတစ်ခိုင်လျှင် အပွင့်နှစ် ပွင့်မှ လေးပွင့်အထိ ရှိသည်။ အပွင့် မှာ အဖြူရောင် နှင့် အနီီီီီရောင် ဟူ၍ ၂ မျိုးရှိသည်။ အသီးမှာ အတောင့်ရှည်ဖြစ်ပြီး အစေ့များစွာ ပါရှိသည်။

ပေါက်ပန်းဖြူ အပင်၏ ဆေးဘက်ဝင်ပုံ

၄င်း အပင်သည် အေး၏။ ခြောက်ထပ်၏။ လေကိုပွားစေ၏။ ခါးသက်သက် ရှိ၏။ သည်းခြေ ရောဂါ၊ သလိပ်ရောဂါ၊ ၃-ရက်ခြားဖျားခြင်း။ နှာရည်ယိုခြင်းတို့ကို ပယ်ဖျောက်နိုင်၏။

အပွင့်

အပွင့်သည် အေး၏။ ၃-ရက်ခြားဖျား။ ကြက်မျက်သင့်ခြင်းတို့ကို ပျောက်ကင်းစေ၏။ ခါးသက်သက် ရှိ၏။ ဝိပါက၌ စပ်၍ ကျေညက်၏။ နှာရည်ယိုခြင်း၊ သလိပ်နာ၊ သည်းခြေနာနှင့် လေရောဂါတို့ကို ပယ်နိုင်၏။

အရွက်

အရွက်သည် စပ်၏။ ချို၏။ ခါးသက်သက် ရှိ၏။ သွေးကို စင်ကြယ်စေ၏။ ပိုးနာ, သလိပ်နာ, အဆိပ်သင့်နာ နှင့် သွေးဖောက်ပြန်သော ရောဂါတို့ကို နိုင်၏။

အသီး

အသီးသည် ကြေညက်လွယ်၏။ ဝမ်းသက်စေ၏။ အသိပညာကို ပွားစေ၏။ ဝိပါက၌ ချို၍ ကျေညက် ၏။ သတိတရားကို ကြည်လင်စေ၏။ ထိုးအောင့်နာ, ဝါသင့်နာ, အဆိပ်နာ, မြစ်ခြောက်နာ, နှလုံးနာ, ရောဂါတို့ကို ပျောက်ကင်း၏။

ပေါက်ပန်းဖြူ ကိုအောက်ပါအတိုင်း ရောဂါအလိုက်အသုံးပြုနိုင်ပါသည်။

ဝက်ရူးနာရောဂါ အတွက် ပေါက်ပန်းဖြူ ရွက်ကို ငြုပ်ကောင်းနှင့်အတူ နွားကျင်ငယ်နှင့် ကြိတ်၍ ရှုသော် ဝက်ရူးနာ ပျောက်၏။ မျက်စေ့အားနည်း သူများအတွက် ပေါက်ပန်းဖြူရဲ့ အပွင့်၏ သတ္တုရည်ကို မျက်စေ့၌ ခပ်ပါက မျက်စေ့မှုန်ခြင်း၊ မျက်စေ့ဝေခြင်းတို့ကို ပျောက်ကင်း စေ နိုင်ပါတယ်။

အမျိုးသမီးများ မီးယပ်ဖြူ ရောဂါ အတွက် ပေါက် ပန်းဖြူ အစိုအခေါက်ကို ထောင်း၍ အရည်ညှစ်ယူပါ။ ၄င်းသတ္တုရည်ကို စင်ကြယ်သော အဝတ် (သို့မဟုတ်) ဂွမ်းတွင် စိုအောင် ဆွတ်၍ ယောနိတွင်ထည့်၍ ပေးပါက မီးယပ်ဖြူ ရောဂါ ပျောက်ကင်း ၏။

အဆစ်အဆက် ရောင်ရောဂါ ခံစားနေရသူများ အ တွက် ပေါက်ပန်းဖြူ (အနီပွင့်) ၏ အမြစ်ကို ရေနှင့်ရောကြိတ်၍ မီးဖြင့် နွေးအောင်ပြုပြီးလျှင် ရောင်သော အဆစ်အဆက် များကို လိမ်းပေးမူ အဆစ်ရောင်ရောဂါ ပျောက်၏။

ခေါင်းတခြမ်းကိုက်ခြင်း များအတွက်လည်း အပွင့်’ (သို့) အရွက်ကို အရည်ညှစ်ယူ၍ ၄င်းအရည်ကို ခေါင်းမကိုက်သော တဘက်ရှိ နှာခေါင်းမှ ရှုပါက ပျောက်ကင်း သက်သာ စေနိုင်ပါတယ်။

ရောင်ရမ်းခြင်း များအတွက် ပေါက်ပန်းဖြူ မြစ်နှင့် ပန်းတိုင်းမြစ်ကို ရေနွေးနှင့်သွေး၍ ရောင်ရမ်းသောနေရာသို့လိမ်းမူ ပျောက်ကင်း၏။ ပေါက်ပန်းဖြူ ပွင့်ကို ပြုတ်စားပါက ကြက်မျက်သင့်ရောဂါ ပျောက် ကင်း၏။

စိတ်ဖောက်ပြန် သောရောဂါအတွက် ပေါက်ပန်းဖြူ အရွက်၏ သတ္တုရည်တွင် ချင်းခြောက်, ပိတ်ချင်း, ကြံသကာတို့ကို ဆတူရော၍ ရှု၍ ရှု၍ ပေးပါက စိတ်ပျံ့လွင့်ခြင်း ပျောက်ကင်း၏။

(Visited 1 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*