သိပ်မကြာခင်ကမှ ဖွင့်လှစ်ထားတဲ့ ဘေထုပ်ထည်ဆိုင်ကြီးက မထင်မှတ်ထားတဲ့ထိ အောင်မြင်နေလို့ပျော်ရွှင်နေတဲ့ နိုင်းဝမ်း

သိပ်မကြာခင်ကမှ ဖွင့်လှစ်ထားတဲ့ ဘေထုပ်ထည်ဆိုင်ကြီးက မထင်မှတ်ထားတဲ့ထိ အောင်မြင်နေလို့ပျော်ရွှင်နေတဲ့ နိုင်းဝမ်း

အဆိုတော် နိုင်းဝမ်း ကိုတော့ ပရိသတ်ကြီးတို့က သိကြမှာပါ။ သူဟာ အမိုက်စား rap သီချင်းတွေနဲ့ လူ ငယ် ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ နိုင်းဝမ်းဟာ သူရဲ့ ချစ်သူကောင်မလေးနဲ့ (၂၀၂၀) ခုန်စ်မှာ လက် ထပ်ခဲ့ပြီ သာယာတဲ့အိမ်ထောင်ရေး တစ်ခုကို ပိုင် ဆိုင်နေပြီပဲ ဖြစ်ပါတယ်။

နိုင်းဝမ်းက ဒီကာလမှာ အလုပ်မရှိ ဖြစ်နေတာကြောင့် ဘေထုပ် အဝတ်အထည်ဆိုင်လေးတစ်ခု ဖွင့်လှစ် ကာ လုပ်ကိုင်နေပါတယ်။ အထည်တွေကို ဂျပန်၊ တိုကျိုမြို့ ကနေ တိုက်ရိုက်မှာယူ ရောင်းပါတယ်။ သူ့ဆို င်လေးမှာ Thrift/ ဘေထုပ် အထည်ရော၊ Export Quality အထည်တွေပါ ရောင်းပါတယ်။ အထည်တိုင်းကို ဂျပန်မှာပဲ ပိုးသတ် ပြီးသားပါ။

အခြေခံ လူတန်းစားတွေ ဝယ်ဝတ်နိုင်အောင် စျေးနှုန်း အသက်သာဆုံးနဲ့ ရောင်းပေးနေ တာပဲဖြစ်ပါတယ်နော်။ ဒီတစ်ခါမှာဆိုရင်တော့ မကြာခင် ရက်ပို င်းက မှဖွင့်လှစ်ထားတဲ့ သူ့ရဲ့ဆိုင်လေးက အချိန် ခ ဏ လေးအတွင်းမှာ အောင်မြင်လာတဲ့ အတွက် သူ့ရဲ ချစ်ဇနီးကို အခုလိုပဲ ချီးကျူးဂုဏ်ပြုစကား ပြောလာတာကို တွေ့ရပါတယ်။

နိုင်းဝမ်းက “Congratulation ပါ မိန်းမရေ 😘 May Myo Thu Kyaw .. မိန်းမရဲ့ အဝတ်အထည်လုပ်ငန်းလေး ရက်ပိုင်းလေး အတွင်းမှာ ထင်မှတ်မထား လောက်အောင်ကို အောင်မြင်ကျော်ကြား ရော င်းကောင်း လာတာမြင်ရတွေ့ရတော့ တကယ့်ကို ဝ မ်းသာ မဆုံးဖြစ်မိပါတယ်။ အခုလို အခြေနေလေးဖြစ်လာဖို့ ကျွန်တော်တို့ လင်မယားကို ချစ်ခင်စွာနဲ့

ဝန်းရံ ပေးခဲ့ကြတဲ့ ချစ်ပရိတ်သတ် များနဲ့ မိတ်ဆွေကောင်းများအားလုံး၊ ဆိုင်လေးကို ဝိုင်းဝန်း ကူညီကြေငြာ ပေးကြတဲ့ မီဒီယာများအားလုံး အနယ်နယ်အရပ်ရပ်မှ လာရောက်ဝယ်ယူအားပေးကြသူများအားလုံး လက္ကားမှာယူ အားပေးကြသူ များအားလုံးကို လေးနက်စွာ ကျေးဇူးတင်ရှိ ပါတယ်ခင်ဗျာ လို့နိုင်းဝမ်းက ကျေးဇူးတင် စကား ပြောထားပါတယ်။

အခုဆို မနက် ၉နာရီ ဆိုင်မဖွင့်ခင် အချိန် ကတည်း က ဆိုင်ရှေ့မှာ လာစောင့်ပြီး ဝယ်ယူအားပေးကြသူတွေနဲ့ ည ၉နာရီဆိုင်ပိတ်ချိန်ထိ လူလုံးဝပြတ်မသွားအောင် စည်ကားနေတာကြောင့် ကျွန်တော်တို့ လင်မ ယားလဲ နေ့လည်စာ ပျောက်နေတာ ကြာပေါ့ဗျာ😁” လို့ အရွှန်းဖောက်ထား ပါသေးတယ်။ မနက်မိုးလင်းကတည်းက ဝယ်ယူသွားသူ တွေကြောင့် နေ့ခင်းပို

င်းလောက် ရောက်ရင် ရွေးစရာ သိပ်မကျန် တော့အောင် ဖြစ်ဖြစ်နေတဲ့ အတွက် အရမ်းကို အားနာလှပါတယ်ခင်ဗျာ..။ အဲ့ဒီအတွက်လဲ ဆိုင်အပေါ်ထပ်မှာအထုပ်သစ် တွေဖောက်ပြီး စိတ်ကြိုက်ဝင်ရွေးနိုင်အောင် စီစဉ်ပေးထားပါတယ်။ ကျွန်တော်တို့တစ်ဆိုင်လုံးလဲ အခုလိုချိန်ထိမအိပ်ပဲ ဈေးဝယ်သူတို့ရဲ့

လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ မနက်ဆိုင်ဖွင့်ချိန်မှာ တစ်ဆိုင်လုံးအထည်တွေ အပြည့် ပြန်ဖြစ်နေအောင် ရှိတဲ့ဝန်ထမ်းလေးတွေနဲ့ နေ့မအားညမနား အစွမ်းကုန် ကြိုးစားပြင်ဆင် ပေးနေပါတယ်ခင်ဗျာ။ဒီရက်ပိုင်းလူအရမ်းများနေလို့ ကျွန်တော်တို့ဆိုင်ဘက်က လိုအပ်ချက်များ၊ အားနည်းချက်များရှိခဲ့ပါက နားလည်ခွင့်လွတ်ပေးကြဖို့အနူးအညွတ်

တောင်းပန် အပ်ပါတယ်🙏 အတွေ့အကြုံ လုံးဝမရှိသေးတဲ့ အလုပ်တစ်ခု ဖြစ်တာကြောင့် အစစအရာ ရာမှာ လစ်ဟာမှုတွေမရှိအောင် အားကုန်သုံး၍ ကြိုး စားပြင်ဆင်နေကြပါတယ်ခင်ဗျာ။ အွန်လိုင်းကနေလဲ လက်လီရောင်းချမှုကို ခေတ္တရပ်နားထားပါကြေ ာင်းကြေငြာအပ်ပါတယ်။ လက္ကားဝယ်ယူ သူများအတွက်လဲ မြန်မာပြည်တစ်ဝှမ်းလုံးကို အမြန်ဆုံး

ပို့ဆောင် ပေးနေပါတယ်ခင်ဗျာ။ သမာအာဇီဝလုပ် ငန်းလေးဖြစ်လို့ ဘယ်လောက် ပဲပင်ပန်းပင်ပန်း များစွာကျေနပ်မိပါတယ်။ ရှေ့ဆက်ပြီး ယခုလိုပဲ အမြဲတမ် းချစ်ခင်စွာဝန်းရံအားပေးကြပါအုံးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ😍” ဆိုပြီး နိုင်းဝမ်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ Source: Kyaw Zin Latt ‘s fb

(Visited 2 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*