မျှစ်ကို စားသုံးပေးခြင်း အားဖြင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကား အာနိသင်များ

မျှစ်ကို စားသုံးပေးခြင်း အားဖြင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကား အာနိသင်များ

မျှစ်ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူး အကြောင်းကို မသိပဲ ကြိုက်လို့စားနေတဲ့ သူတွေရှိပါတယ်။ အခုက ရေးသားထားတဲ့ စာလေးကို ဖတ်ပြီး အရင်ကထက်ပိုစား ဖြစ်အောင် ဖတ်ကြည့် လိုက်နော်။ မြန်မာ လူ မျိုး တွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုး

မျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။ ဒါပေမ ယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့ သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုလိုက်ရင်း မျှစ်

ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး အကျိုး ကျေး ဇူးတွေကို ကျနော်သိ သလောက်လေး ပရိသတ်ကြီးတို့ အတွက် ရေသားဖော်ပြပေး လိုက်ရပါတယ်။ မျှစ်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေနိုင်ပြီး အ စာအိမ်ရဲ့ အစာချေဖျက်​​​ခြင်း လုပ်ငန်း ဆောင်တာ

တွေကို ကောင်းမွန် စေပါတယ်။ ထို့အပြင် မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်း လာ ရောဂါကိုလည်း သက်သာစေပါတယ်။ မျှစ်ကို စားသုံးပေးခြင်း အားဖြင့် နာတာရှည်ရောဂါ ဖြစ်နို င်ခြေ လျော့ကျစေပါတယ်။ မျှစ်မှာ ဖီနောလစ်အက်

စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါဝင် နာတာရှည်ရောဂါတွေ ကို လျော့ ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတ က်စီယမ် ဟာလဲ နှလုံးကျန်း မာရေးကို ကောင်းမွန်စေ

ပါတယ်။ မျှစ်မှာ ပိုးသတ် အာနိသင်လည်း ရှိတယ်။ သူ့မှာဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျ င် တဲ့ အာ နိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါ တယ်။ သွေးဖိအားကို ထိန်းသိမ်းပေး နိုင်ပါသေးတ

ယ်။ မျှစ်မှာ ပိုက်တက်စီယမ်ဓာတ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်ဟာ ပိုတ က်စီယမ် ပါဝင်မှု များတာကြောင့် မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ် ။ မျှစ်ကို စားသုံး​ခြင်းဖြင့်

မိမိတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေ နိုင်ပါတယ်။ မျှစ်မှာ ကယ်လိုရီ ပါဝင်မှုဟာ လျော့နဲတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှ င် ဓာတ် ပါဝင်မှုများပြားတာ ကြောင့် မကြာခဏ

ဆာလောင်မှု လျော့နည်း​ စေတဲ့အတွက် ကိုယ်အ လေးချိန် ထိန်းနေသူတွေ အတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါတယ်။ မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့တွက် အူလှုပ်ရှားမှုက ကောင်းမွန်

စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွ ယ်ပေးနိုင်ပါတယ်။ မျှစ်တစ်ခွက် စားပေရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ် ပမာဏကို ရရှိစေပါတယ်။ မျှစ်ဟာ အမျိုးသမီးများအတွက် ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီချိန်မှန်မှန် လာစေပါ

တယ်။မျှစ်ဟာ သည်းခြေအိတ် ကိုလည်း ကျန်းမာစေပါတယ်။ ရိုးရာ ဆေးနည်းအနေနဲ့ မျှစ်ကို သည်း ခြေ အိတ် ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံး ဆေးတစ်လက် အနေနဲ့ အရင်က အသိပြုခဲ့ကြပါတယ်။မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေ

တယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်က ဒဏ် ရာအပေါ် လိမ်းပေးရင် အနာကျက် မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။ သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ လိပ်ခေါင်း

က သွေးထွက်နေရင် ဂနိုဆီးပူညောင်းကျရောဂါ ဖြစ်နေလျှင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့ကဆိုပါတယ်။

(Visited 1 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*