မိုင်းဖုန်းဆရာတော်ကြီး ဂူထွက်ချိန်၌ လာရောက် ဖူးမြှော်မည့် သူများ သတ်သတ်လွတ် စားကြရန် တိုက်တွန်း

မိုင်းဖုန်း ဆရာတော်ကြီး ဂူထွက်ချိန်၌ လာရောက်ဖူးမြှော် မည့်သူများ သတ်သတ်လွတ် စားကြရန် တိုက် တွန်း

မိုင်းဖုန်း ဆရာတော်ဘုရားကြီးသည် ရှမ်းပြည်နယ်၊ မိုင်းဆတ် မြိုနယ်ရှိ မိုင်းကျက်ဂူ အတွင်း၌ ၃ နှစ် ၃ လ ၃ ရက်တိတိ ဂူတွင်းအဓိဌာန်ဝင် ကျင့်ကြံခဲ့ပါသ ည်။ ဆရာတော်ဘုရား အဓိဋ္ဌာန်ဝင်ရာမှ ဇူလိုင် ၃၁ ရက်တွင် ကျင့်စဉ်​ပြီးမြောက်ကာ ပြန်လည် ထွက်ခွာ

လာမည် ဖြစ်သည်။ အဓိဋ္ဌာန် ဝင်ရာမှ ပြန်ထွက်လာသည့် မိုင်းဖုန်းဆရာ တော်ကြီးအား လာရောက် ဖူးမြှော်မည့် ဒါယိကာ ၊ ဒါယိကာမများ အနေဖြင့် သတ် သတ်လွတ် စားကြရန် ဆရာတော် ဦးဥာဏသီရိမှ မိန့်ကြားထားကြောင်း သိရသည်။ ထို့ပြင် ဆရာတော်

ဦးဥာဏသီရိ မှ ဒါယိကာများကိုလည်း အရက် သေစာများ သောက်စားခြင် မပြုရန် မိန့်ကြားထားပါ သ ည်။ ထိုအကြောင်း အရာများကို မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝ ကများထံမှ တစ်ဆင့် သိရသ ည်။ “ဟုတ်ပါတယ် ဆရာတော်ကြီးကို လာရောက်ဖူး

မြှော်ကြတဲ့အခါ တိတ်တိတ် ဆိတ်ဆိတ်နဲ့ အေးအေး ချမ်းချမ်း ဖူးမြှော်နိုင်အောင်လို့ အခုလိုမျိုး မိန့်ကြားထားတာပါ။ အရက်သေစာ သောက်စားပြီးမူးနေကြရင် တခြားလူတွေကို အနှောင့်အယှက် ပေးသ လို ဖြစ်နေတော့ မသောက်စေချင်ဘူး ဒါ့ကြောင့်ပါ”ဟု

မိုင်းဖုန်း ဆရာတော်ကြီး၏ တပည့်သာဝက တစ်ဦးက မိန့်ကြားခဲ့သည်။ ထို့အပြင် မိုင်းဖုန်း ဆရာတော်ကြီးအား လာရောက် ဖူးမြှော်မည့် ဧည့်ပရိသတ်များ နေရေး ထိုင်ရေးနှင့် စားသောက်ရေးတို့ အဆင်ပြေစေရန် အလှူရှင်များ မှလည်း လှူဒါန်းကျွေးမွေးမှု

များပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ “အ ကျွေး အမွေး အတွက်ကတော့ အလှူရှင်တွေက အ ကုန် စီစဉ်ပြီးနေကြပြီ လာဖူးတဲ့လူတွေ တည်းဖို့ အ တွက် လည်းအဆောက် အဦးတွေ အဆင်သင့်ဖြစ်နေပါပြီ။ အခုဆိုရင် ဆရာတော်ကြီးကို ဖူးဖို့ရန်အ

တွက် လူတွေ အတော်များများလည်း ရောက်နေကြပါပြီ။ နေထိုင်ဖို့ အဆင်ပြေအောင် စီစဉ် ထားပေးပေမယ့် စောင်၊ ခေါင်းအုံး နဲ့ ခြင်ထောင်တွေ တော့ယူလာကြတာ အကောင်းဆုံးပါပဲ။ မိုးရာသီ ဖြစ်တဲ့အတွက် ထီးနဲ့မိုးကာ တွေလည်း ယူလာကြပါလို့ မှာ

ချင်ပါတယ်”ဟု မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးကပြောသည်။ သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံတဲ့ မိုင်းဖုန်း ဆရာတော် ဘုရားကြီးကို ပ ရိသတ်ကြီးတို့ သွားရောက် ဖူးမြှော်ကြဖို့ တိုက်တွန်း လိုက် ပါတယ်။

(Visited 1 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*